Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 3:2

Judson Bible

ထို​အ​ခါ ယော​ဇ​ဒက်​သား​ယော​ရှု​နှင့် သူ၏​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​များ၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် သူ၏​ညီ​အစ်​ကို​များ​တို့​သည် ထ၍ ဘု​ရား​သ​ခင်၏​လူ မော​ရှေ​ရေး​ထား​သော ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သည် အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​လို​သော​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​ယဇ်​ပ​လ္လင်​ကို တည်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား၍၊ ဤ​ပြည်​ကို သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထင်​ရှား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ ထို​အ​ရပ်၌၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။

ဘု​ရား​သ​ခင့်​လူ မော​ရှေ၏​သား​ကို​ကား၊ လေ​ဝိ​အ​မျိုး​သား​တို့၏​စာ​ရင်း၌​သွင်း​ရ၏။

အ​ကျဉ်း​ခံ​ရ​သော ယေ​ခေါ​နိ​သား​ကား ရှာ​လ​သေ​လ၊

ရှာ​လ​သေ​လ​သား​ကား ဇေ​ရု​ဗ​ဗေ​လ​နှင့် ရှိ​မိ​တည်း။ ဇေ​ရု​ဗ​ဗေ​လ​သား​ကား မေ​ရှု​လံ၊ ဟာ​န​နိ၊ နှ​မ​ရှေ​လော​မိတ်​နှင့်​တ​ကွ၊

တစ်​ပါး​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သော ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သား​ဟူ​မူ​ကား၊ ယော​ရှု​အ​မျိုး ယော​ဇ​ဒက်​သား​နှင့် သူ၏​ညီ မာ​သေ​ယ၊ ဧ​လျေ​ဇာ၊ ယာ​ရိပ်၊ ဂေ​ဒ​လိ​တည်း။

ထို​မှ​တစ်​ပါး၊ ဣ​မေ​ရ​အ​မျိုး ဟာ​နန်​နှင့် ဇေ​ဗ​ဒိ၊

ဟာ​ရိမ်​အ​မျိုး မာ​သေ​ယ၊ ဧ​လိ​ယ၊ ရှေ​မာ​ယ၊ ယေ​ဟေ​လ၊ ဩ​ဇိ၊

ပါ​ရှု​ရ​အ​မျိုး ဧ​လိ​ဩ​နဲ၊ မာ​သေ​ယ၊ ဣ​ရှ​မေ​လ၊ နာ​သ​နေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လာ​သ။

ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော လူ​စု​ထဲ​က​ထွက်၍ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ၊ ဗာ​နာ​တို့​နှင့် အ​တူ​လိုက်​လာ၍၊ ယေ​ရု​ရှ​လင်​မြို့ အ​စ​ရှိ​သော ယု​ဒ​ပြည်၌ အ​သီး​အ​သီး​ဆိုင်​သော မြို့​ရွာ​သို့​ရောက်​သော နိုင်​ငံ​သား ဣ​သ​ရေ​လ​လူ စာ​ရင်း​ဟူ​မူ​ကား၊

ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​သို့​ရောက်​သော ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ​တွင် ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ၊ ယော​ဇ​ဒက်​သား ယော​ရှု၊ ကျန်​ကြွင်း​သော ညီ​အစ်​ကို၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ၊ အ​ချုပ်​ခံ​ရ​သော လူ​စု​ထဲ​က​ထွက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့​လာ​သော လူ​များ​အ​ပေါင်း​တို့​သည်​ထ၍ ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​ကို နှိုး​ဆော်​စိမ့်​သော​ငှာ လေ​ဝိ​သား​တို့​ကို ခန့်​ထား​ကြ၏။

ထို​ဘု​ရား​သ​ခင်၏ ပ​ရော​ဖက်​တို့​သည် ဝိုင်း​သ​ဖြင့်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ဇ​ဒက်​သား ယော​ရှု​သည် ထ၍ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တည်​စ​ပြု​ပြန်​ကြ၏။

ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ရှု​နောက်​သို့ လိုက်​လာ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​ဟူ​မူ​ကား၊ စ​ရာ​ယ၊ ယေ​ရ​မိ၊ ဧ​ဇ​ရ၊

လေ​ဝိ​သား​မူ​ကား ယော​ရှု၊ ဗိ​နွိ၊ ကပ်​မျေ​လ၊ ရှေ​ရ​ဘိ၊ ယု​ဒ၊ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​အ​မှု​ကို ညီ​အစ်​ကို​တို့​နှင့်​အ​တူ အုပ်​သော မဿ​နိ​တည်း။

ယု​ဒ​အ​မျိုး​ကို​လည်း​ကောင်း၊ ချစ်​တော်​မူ​သော ဇိ​အုန်​တောင်​ကို​လည်း​ကောင်း ရွေး​တော်​မူ၏။

တစ်​နည်း​ကား၊ အ​လျား​ငါး​တောင်၊ အ​နံ​ငါး​တောင်​ရှိ၍ စ​တု​ရန်း​လေး​ထောင့်​ဖြစ်​သော ယဇ်​ပ​လ္လင်​ကို၊ အ​ကာ​ရှ​သား​နှင့် လုပ်​ရ​မည်။ အ​မြင့်​လည်း သုံး​တောင်​ရှိ​ရ​မည်။

ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဆ​ဋ္ဌ​မ​လ တစ်​ရက်​နေ့​တွင်၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား​ယော​ရှု​ဆီ​သို့ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ၍၊

ထို​အ​ခါ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော ပ​ရော​ဖက်​ဟ​ဂ္ဂဲ စ​ကား​ကို​လည်း​ကောင်း နား​ထောင်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြောက်​ရွံ့​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော သူ​အ​ပေါင်း​တို့​ကို နှိုး​ဆော်​တော်​မူ​သော​အား​ဖြင့်၊

သင်​သည် ယု​ဒ​မြို့​ဝန်၊ ဇေ​ရု​ဗ​ဗေ​လ​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​လှုပ်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ရှာ​လ​သေ​လ​သား၊ ငါ့​ကျွန် ဇေ​ရု​ဗ​ဗေ​လ၊ ထို​အ​ခါ သင့်​ကို​ငါ​ယူ၍ တံ​ဆိပ်​လက်​စွပ်​ကဲ့​သို့ ခန့်​ထား​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင့်​ကို ငါ​ရွေး​ချယ်​ပြီ​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဟ​ဂ္ဂဲ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ရှေ့၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း၊ စာ​တန် သည် ရန်​ဘက်​ပြု၍ သူ၏​လက်​ယာ​ဘက်၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း ငါ့​အား​ပြ​တော်​မူ၏။

အို ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု၊ သင့်​ရှေ့​မှာ​နေ​သော သင့်​အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ နား​ထောင်​လော့။ သူ​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် ယှဉ်​သော​သူ ဖြစ်​ကြ၏။ ငါ၏​ကျွန်​တည်း​ဟူ​သော အ​ညွန့်​ကို ငါ​ပေါ်​ထွန်း​စေ​မည်။

ရွှေ​ငွေ​တို့​ကို​ယူ၍ သ​ရ​ဖူ​ကို လုပ်​ပြီး​လျှင် ယော​ဇ​ဒက်​သား ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ရှု၏ ခေါင်း​ပေါ်​မှာ တင်​လော့။

ယော​ဟ​န္န​အ​ဘ ရေ​သ၊ ရေ​သ​အ​ဘ ဇေ​ရု​ဗ​ဗေ​လ၊ ဇေ​ရု​ဗ​ဗေ​လ​အ​ဘ ရှာ​လ​သေ​လ၊ ရှာ​လ​သေ​လ​အ​ဘ နေ​ရိ၊ နေ​ရိ​အ​ဘ မေ​လ​ခိ၊ မေ​လ​ခိ​အ​ဘ အ​ဒ္ဒိ၊-

ထို​အ​ရပ်၌ ဂိ​ဒေါင်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​ရှာ​လုံ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ဗျေ​ဇာ​သား၏​နေ​ရာ ဩ​ဖ​ရ​ရွာ၌ ယ​နေ့​တိုင်​အောင်​ရှိ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ