Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 3:13

Judson Bible

ထို​သို့​ပြု​သော ကြွေး​ကြော်​သံ​နှင့် ငို​ကြွေး​သံ​ကို ကြား​သော​သူ​တို့​သည် ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ။ လူ​များ​တို့​သည် ကြီး​စွာ​သော​အ​သံ​နှင့် ကြွေး​ကြော်​သော​ကြောင့်၊ ဝေး​သော​အ​ရပ်၌ ကြား​ရ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​သည် တီး​မှုတ်​လျက် နောက်​တော်​သို့​လိုက်၍၊ မြေ​ကြီး​ကွဲ​မ​တတ်​ရှိ​သည်​တိုင်​အောင် အ​လွန်​ဝမ်း​မြောက်​သော​အ​သံ​ကို ပြု​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် ပ​ရော​ဖက်​နာ​သန်​တို့​သည် ရှော​လ​မုန်​ကို ဂိ​ဟုန်​မြို့၌ ရာ​ဇ​ဘိ​သိက်​ပေး​ပါ​ပြီ။ ထို​မြို့​မှ ဝမ်း​မြောက်​စွာ​လာ​ပြန်၍၊ တစ်​မြို့​လုံး အုတ်​အုတ်​ကျက်​ကျက်​သော​အ​သံ​ကို ကိုယ်​တော်​ကြား​ရ​ပါ၏။

သို့​ရာ​တွင် အ​သက်​ကြီး၍ အ​ရင်​ဗိ​မာန်​တော်​ကို မြင်​ဖူး​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ အ​ဆွေ​အ​မျိုး သူ​ကြီး​အ​များ​တို့​သည်၊ နောက်​ဗိ​မာန်​တော် တိုက်​မြစ်​ကျ​လျက်​ရှိ​သည်​ကို မြင်​သော​အ​ခါ၊ ကြီး​စွာ​သော​အ​သံ​နှင့် ငို​ကြွေး​ကြ၏။ လူ​အ​များ​တို့​သည်​လည်း ဝမ်း​မြောက်​သော​စိတ်​နှင့် ကြွေး​ကြော်​ကြ၏။

သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အ​မျိုး​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဗိ​မာန်​တော်​ကို တည်​ကြ​သည်​ဟု ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး၏ ရန်​သူ​တို့​သည် ကြား​လျှင်၊

ထို​နေ့၌ များ​စွာ​သော​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။ အ​လွန် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​ကြောင့်၊ သား​မ​ယား​နှင့်​တ​ကွ ဝမ်း​မြောက်​ခြင်း​ကို​ပြု၍ ယေ​ရု​ရှ​လင်​မြို့ ဝမ်း​မြောက်​သံ​ကို ဝေး​သော​အ​ရပ်၌ ကြား​ရ​ကြ၏။

ကိုယ်​တော်​ကို ကိုး​စား​သော​သူ​တို့​မူ​ကား၊ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ စောင့်​ရှောက်​တော်​မူ​ခြင်း​ကို​ခံ​ရ၍ ဝမ်း​မြောက်​သည်​နှင့် ကြွေး​ကြော်​ကြ​ပါ​စေ​သော။ နာ​မ​တော်​ကို​ချစ်​သော​သူ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​သာ​ရွှင်​လန်း​ခြင်း ရှိ​ကြ​ပါ​စေ​သော။

နောက်​တစ်​ဖန် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သား​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့​ဟု​ဆို​သော သူ​တို့၏​အ​သံ၊ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော သူ​တို့၏ အ​သံ​ကို ကြား​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ပြည်​သား​တို့​ကို ငါ​ဆောင်​ခဲ့၍၊ အ​ရင်​ကဲ့​သို့ နေ​စေ​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယု​ဒ​အ​မျိုး​သား​တို့​နှင့် ပေါင်း​ဖက်၍ လာ​ကြ​လိမ့်​မည်။ မျက်​ရည်​ကျ​လျက်၊ ခ​ရီး​သွား​လျက်၊ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သွား၍ ရှာ​ကြ​လိမ့်​မည်။

အို တောင်​ကြီး၊ သင်​သည် အ​ဘယ်​သို့​နည်း။ ဇေ​ရု​ဗ​ဗေ​လ​ရှေ့​မှာ ညီ​သော​အ​ရပ် ဖြစ်​ရ​လိမ့်​မည်။ လူ​များ​တို့​က၊ ကျေး​ဇူး​တော် ရှိ​ပါ​စေ​သော။ ကျေး​ဇူး​တော်​ရှိ​ပါ​စေ​သော​ဟု ကြွေး​ကြော်​လျက်၊ ထို​မင်း​သည် တိုက်​ထောင့် အ​ထွတ်​ကျောက်​ကို တင်​ထား​ရ​လိမ့်​မည်။

ထို​အ​ရပ်​ကို ဗော​ခိမ်​အ​မည်​ဖြင့်​မှည့်၍ ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် တပ်​ထဲ​သို့ ရောက်​သော​အ​ခါ၊ မြေ​ကြီး​အ​သံ မြည်​သည်​တိုင်​အောင် တပ်​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ