ဧဇရ 2:2Judson Bibleဗာဗုလုန်မြို့သို့ သိမ်းသွားသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့် အတူလိုက်လာ၍၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံသား ဣသရေလလူ စာရင်းဟူမူကား၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ၏ညီအစ်ကို ယဇ်ပုရောဟိတ်များ၊ ရှာလသေလသား ဇေရုဗဗေလနှင့် သူ၏ညီအစ်ကိုများတို့သည် ထ၍ ဘုရားသခင်၏လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ပါသည် အတိုင်း၊ မီးရှို့ရာယဇ်တို့ကို ပူဇော်လိုသောငှာ၊ ဣသရေလအမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်ကို တည်ကြ၏။
ဇေရုဗဗေလနှင့် ယောရှု အစရှိသော ဣသရေလအဆွေအမျိုး သူကြီးတို့က၊ ငါတို့၏ ဘုရားသခင်အဖို့ ဗိမာန်တော်တည်ခြင်းအမှုကို၊ သင်တို့သည် ငါတို့နှင့်ဝိုင်း၍ မလုပ်ရ။ ပေရသိရှင်ဘုရင် ကုရုမင်းကြီး အမိန့်တော်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဖို့ ငါတို့သည် ကိုယ်တိုင်တည်ရမည်ဟု ပြန်ပြောကြ၏။
ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသော ပရောဖက်ဟဂ္ဂဲ စကားကိုလည်းကောင်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။