Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 10:8

Judson Bible

မင်း​များ​နှင့် အ​သက်​ကြီး​သူ​များ စီ​ရင်​သည်​အ​တိုင်း၊ သုံး​ရက်​အ​တွင်း​တွင် မ​ရောက်​သော​သူ မည်​သည်​ကား၊ သိမ်း​သွား​ခြင်း၊ အ​မျိုး​သား​ပ​ရိသတ်​ထဲ​က နှင်​ထုတ်​ခြင်း​ကို​ခံ၍၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် ကျိန်​ဆို​အပ်​သော​ဥ​စ္စာ ဖြစ်​စေ​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ စ၍ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ စည်း​ဝေး​စေ​မည်​အ​ကြောင်း၊

ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား​ယောက်ျား အ​ပေါင်း​တို့​သည် သုံး​ရက်​အ​တွင်း​တွင်၊ ယေ​ရု​ရှ​လင်​မြို့​မှာ စည်း​ဝေး၍ န​ဝ​မ​လ​အ​ရက်​နှစ်​ဆယ်​တွင်၊ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကြောင့်​လည်း​ကောင်း၊ သည်း​ထန်​စွာ မိုး​ရွာ​သော​ကြောင့်​လည်း​ကောင်း၊ တုန်​လှုပ်​လျက် ဘု​ရား​သ​ခင်၏ အိမ်​တော်​ဦး​ရှေ့​မှာ ထိုင်​နေ​ကြ၏။

သင်၏​ဘု​ရား​သ​ခင့်​တ​ရား​နှင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို ငြင်း​ဆန်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း၊ နှင်​ထုတ်​ခြင်း၊ ဥ​စ္စာ​သိမ်း​ယူ​ခြင်း၊ ထောင်​ထဲ​မှာ လှောင်​ထား​ခြင်း​တည်း​ဟူ​သော ရာ​ဇ​ဝတ်​တစ်​စုံ​တစ်​ခု​ကို အ​လျင်​အ​မြန်​ခံ​စေ​ဟု အ​မိန့်​တော်​စာ၌​ပါ​သ​တည်း။

ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သား ယော​ယ​ဒ၏ သား​တစ်​ယောက်​သည်၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​သ​မက် ဖြစ်​သော​ကြောင့်၊ သူ့​ကို​ငါ​နှင်​ထုတ်၏။

ထို​တ​ရား​ကို ကြား​သော​အ​ခါ၊ အ​မျိုး​မ​စစ်​သော​သူ ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှား​ကြ၏။

သို့​ရာ​တွင်​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ ကိုယ်​ပိုင်​ရင်း​လယ်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အား​ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​ကို မ​ရောင်း​မ​ရွေး​ရ။ ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အ​လွန်​သန့်​ရှင်း​ရ​မည်။

ထို​သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင် အ​သင်း​တော်​အား ကြား​ပြော​လော့။ အ​သင်း​တော်၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ သာ​သ​နာ​ပ​လူ ကဲ့​သို့​လည်း​ကောင်း၊ အ​ခွန်​ခံ ကဲ့​သို့​လည်း​ကောင်း ထို​သူ​ကို​မှတ်​လော့။-

လော​ကီ​သား​တို့​သည် သင်​တို့​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​လိမ့်​မည်။ သင်​တို့​ကို သတ်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​ဝတ်​ကို ငါ​ပြု​ပြီ​ဟု မိ​မိ​ထင်​မှတ်​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-

ဤ​သို့​ပြော​သည်​အ​ကြောင်း​ကား၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဝန်​ခံ​သော​သူ​မည်​သည်​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​ရ​မည်​ဟု ယု​ဒ​လူ​တို့​သည် တိုင်​ပင်​စီ​ရင်​နှင့်​ကြ​ပြီ။-

ထို​သူ​တို့​က​လည်း၊ သင်​သည် မွေး​စ​က​ပင် တစ်​ကိုယ်​လုံး၌ ဒု​စ​ရိုက်​အ​ပြစ်​စွဲ​သော​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို ဆုံး​မ​ပါ​သည်​တ​ကား​ဟု ပြော​ဆို​ကြ​ပြီး​လျှင်၊ ထို​သူ​ကို တ​ရား​ဇ​ရပ်​မှ​နှင်​ထုတ်​ကြ၏။

ပြင်​လူ​တို့​ကို ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်၍ ထို​ဆိုး​ညစ်​သော​သူ​ကို သင်​တို့​အ​ထဲ​မှ နှင်​ထုတ်​ကြ​လော့။

ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ၍၊ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ရ​ကြ​မည်​ဟု လူ​များ​တို့​အား ယော​ရှု​သည်​မှာ​ထား​လေ၏။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် အ​ဘယ်​သူ​သည် ပ​ရိ​သတ်​အ​ပေါင်း​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း​ဟု မေး​ကြ၏။ အ​ကြောင်း​မူ​ကား၊ မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သော​သူ​သည် ဧ​ကန်​အ​မှန် အ​သေ​သတ်​ခြင်း​ကို​ခံ​စေ​ဟု ကြီး​စွာ​သော​ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။

နွား​တစ်​ရှဉ်း​ကို​ယူ၍ ခုတ်​ဖြတ်​ပြီး​မှ၊ သံ​တ​မန်​တို့​လက်​တွင် ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့ ပေး​လိုက်၍၊ ရှော​လု​နှင့် ရှ​မွေ​လ​နောက်​သို့ ထွက်၍​မ​လိုက်​သော​သူ၏​နွား​တို့​ကို ဤ​ကဲ့​သို့​ပြု​မည်​ဟု​ကြော်​ငြာ​စေ​သ​ဖြင့်၊ လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်၍ တ​ညီ​တ​ညွတ်​တည်း ထွက်​လာ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ