Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 10:4

Judson Bible

ထ​တော်​မူ​ပါ။ ဤ​အ​မှု​ကို ကိုယ်​တော်​ဆိုင်​ပါ၏။ အ​ကျွန်ုပ်​တို့​သည်​လည်း ဝိုင်း၍ မ​စ​ကြ​ပါ​မည်။ ရဲ​ရင့်​သော စိတ်​ရှိ၍ ပြု​တော်​မူ​ပါ​ဟု ဧ​ဇ​ရ​အား ပြန်​ပြော​ကြ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​တိုင်း​မ​သိ​များ​သည် ဖြစ်၍ ထ​လော့။ ကြိုး​စား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု မှာ​ထား​တော်​မူ၏။

သို့​ဖြစ်၍ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​ခြင်း​ငှာ ကိုယ်​စိတ်​နှ​လုံး​ကို နှိုး​ဆော်​တိုက်​တွန်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့၊ တည်​ရ​သော အိမ်​တော်​ထဲ​သို့ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တန်​ဆာ​တို့​ကို သွင်း​ခြင်း​ငှာ ထ​ကြ​လော့။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။

သ​တိ​ပြု​လော့။ သန့်​ရှင်း​ရာ​ဌာ​န​အ​ဖို့ အိမ်​တော်​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သင့်​ကို ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​ကြောင့်၊ အား​ယူ၍ တည်​ဆောက်​လော့​ဟု မှာ​ထား​တော်​မူ၏။

သား​တော်​ရှော​လ​မုန်​အား​လည်း၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှင့် လုပ်​ဆောင်​လော့။ မ​စိုး​ရိမ်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့ လုပ်​ဆောင်၍ လက်​စ​မ​သတ်​မီ​တိုင်​အောင် သင့်​ကို စွန့်​တော်​မ​မူ။ ပစ်​ထား​တော်​မ​မူ။

သင်း​ဖွဲ့​သော​ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​လည်း ဘု​ရား​သ​ခင်၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့​ရှိ​ကြ၏။ လိ​မ္မာ​သော ဆ​ရာ​သ​မား အ​မျိုး​မျိုး​တို့​သည်​လည်း အ​ရာ​ရာ​တို့​ကို လုပ်​ဆောင်​စေ​ဖို့​ရှိ​ကြ၏။ မင်း​များ​နှင့် ပြည်​သူ​ပြည်​သား​များ အ​ပေါင်း​တို့​သည်​လည်း သင့်​လက်၌​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

ဧ​ဇ​ရ​သည်​ထ၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လေ​ဝိ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် ထို​စ​ကား​အ​တိုင်း ပြု​ရ​မည်​အ​ကြောင်း သူ​တို့​အား​အ​ကျိန်​ပေး၍ သူ​တို့​သည် ကျိန်​ဆို​ကြ၏။

ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။

ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့ သွား​မည်​အ​ကြံ​ရှိ​သည်​နှင့် မိ​မိ​အိမ်​ကို ငယ်​သား​တို့ လက်​သို့​အပ်၍၊ သူ​တို့​ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​သီး​အ​သီး ခွဲ​ခန့်​စီ​မံ၍၊ တံ​ခါး​မှူး​ကို စောင့်​နေ​စေ​ဟု မှာ​ထား​ပြီး​မှ သွား​သည်​ဖြစ်၍၊-

ထို​မှ​တစ်​ပါး မေ​တ္တာ​စိတ်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တိုက်​တွန်း နှိုး​ဆော်​ရ​သော​အ​ခွင့်​ကို ရှာ၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ထောက်​စာ​ကြည့်​ရှု​ကြ​ကုန်​အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ