ဧဇရ 10:2Judson Bibleဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌နေသော တစ်ပါးအမျိုးသား မိန်းမတို့နှင့် စုံဖက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မျှော်လင့်စရာ ရှိသေး၏။ အခန်းကိုကြည့်ပါ။ |
ထိုအမှုပြီးမှ၊ အကြီးအကဲတို့သည် ငါ့ထံသို့လာ၍ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဖော်သဖြင့်၊ ခါနာနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ အမ္မုန်လူ၊ မောဘလူ၊ အဲဂုတ္တုလူ၊ အာမောရိလူတို့ ရွံရှာဖွယ်သောအကျင့်ကို ကျင့်ကြပါ၏။