တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်သောသူ အပေါင်းတို့ကို ပထမလတစ်ရက်နေ့တိုင်အောင် အကုန်အစင် စစ်ကြောစီရင်ကြ၏။
သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ်ဧဇရသည် ရွေးချယ်၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သားသော အဆွေအမျိုးသူကြီးတို့သည် ဒသမလတစ်ရက်နေ့တွင် ထိုအမှုကို စစ်ကြောခြင်းငှာ ထိုင်နေကြ၏။
တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်သော ယဇ်ပုရောဟိတ်အမျိုးသားဟူမူကား၊ ယောရှုအမျိုး ယောဇဒက်သားနှင့် သူ၏ညီ မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတည်း။