Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 10:10

Judson Bible

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် ထ၍၊ သင်​တို့​သည် ပြစ်​မှား​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၌ အ​ပြစ်​လေး​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​နှင့် စုံ​ဖက်​ကြ​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို ဤ​မြို့​ထဲ​သို့ မ​သွင်း​ရ။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပြီ။ အ​ပြစ်​ရင်း​အ​ပေါ်​မှာ​ထပ်၍ ပြစ်​မှား​စေ​ဦး​မည်​ဟု သင်​တို့ ကြံ​စည်​ကြ​သည်​တ​ကား။ ယ​ခု​တွင် ငါ​တို့​အ​ပြစ်​ကြီး​လှ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​သည်​ဟု ဆို​သော​ကြောင့်၊

သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။ အ​လို​တော်​အ​တိုင်း ပြု​လျက်၊ ဤ​ပြည်​သား​တို့​နှင့်​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား မိန်း​မ​တို့​နှင့်​လည်း​ကောင်း ကွာ​ကြ​လော့​ဟု သူ​တို့​အား​ဆို၏။

ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား​ယောက်ျား အ​ပေါင်း​တို့​သည် သုံး​ရက်​အ​တွင်း​တွင်၊ ယေ​ရု​ရှ​လင်​မြို့​မှာ စည်း​ဝေး၍ န​ဝ​မ​လ​အ​ရက်​နှစ်​ဆယ်​တွင်၊ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကြောင့်​လည်း​ကောင်း၊ သည်း​ထန်​စွာ မိုး​ရွာ​သော​ကြောင့်​လည်း​ကောင်း၊ တုန်​လှုပ်​လျက် ဘု​ရား​သ​ခင်၏ အိမ်​တော်​ဦး​ရှေ့​မှာ ထိုင်​နေ​ကြ၏။

အ​ကျွန်ုပ်​တို့​သည် ပ​ညတ်​တ​ရား​တော်​တို့​ကို တစ်​ဖန်​လွန်​ကျူး၍၊ ဤ​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​တတ်​သော​လူ​မျိုး​နှင့် ပေါင်း​ဖော်​လျှင် တစ်​ယောက်​မျှ​မ​လွတ်၊ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​တော်​မူ​မည် မ​ဟုတ်​လော။

အို အ​ကျွန်ုပ်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သို့ မ​မျှော်​မ​ကြည့်​ဝံ့၊ ရှက်​ကြောက်၍ မျက်​နှာ​နီ​ပါ၏။ အ​ကျွန်ုပ်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့ ပြု​မိ​သော ဒု​စ​ရိုက်​တို့​သည် အ​ကျွန်ုပ်​တို့ ခေါင်း​ပေါ်​မှာ အ​ထပ်​ထပ်​လွှမ်း​မိုး၍၊ ကြီး​စွာ​သော အ​ပြစ်​သည် မိုး​ကောင်း​ကင်​သို့ မီ​ပါ၏။

ယ​ခု​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သာ၍​ပြင်း​စွာ အ​မျက်​တော်​ထွက်​စေ​မည်​အ​ကြောင်း၊ သာ၍​ဆိုး​သော​သူ​တည်း​ဟူ​သော သင်​တို့​သည် သင်​တို့​အ​ဘ​များ​ကိုယ်​စား ပေါ်​ထ​ကြ​ပြီ​တ​ကား။

သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ အ​ကျင့်​ပ​မာ​ဏ​ကို မီ​အောင် ကျင့်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ