Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 8:9

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ မွန်း​တည့်​အ​ချိန်၌ ငါ​သည် နေ​ကို​ဝင်​စေ​မည်။ ကြည်​လင်​သော​နေ့၌ မြေ​ကြီး​ကို မိုက်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် နေ့​အ​ချိန်၌ မှောင်​မိုက်​ကို​တွေ့၍၊ ည​အ​ချိန်၌​ကဲ့​သို့ မွန်း​တည့်​အ​ချိန်၌ စမ်း​သပ်​လျက် သွား​လာ​ကြ၏။

မိုး​ကောင်း​ကင်​ကြယ်​န​က္ခတ်​တို့​သည် အ​လင်း​ကို​မ​ပေး။ နေ​သည်​လည်း ထွက်​သော​အ​ခါ​မိုက်​လျက်၊ လ​သည်​လည်း မ​ထွန်း​မ​လင်း​ဘဲ​လျက် ရှိ​လိမ့်​မည်။

မိုး​မ​ချုပ်​မီ၊ မိုက်​သော​တောင်​ပေါ်​မှာ သင်​တို့​သည် ထိ​ခိုက်၍​မ​လဲ​မီ၊ အ​လင်း​ကို​မျှော်​လင့်​သော​အ​ခါ၊ သေ​မင်း​အ​ရိပ်၊ ထူ​ထပ်​သော မှောင်​မိုက်​ကို ဖြစ်​စေ​တော်​မ​မူ​မီ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

သား​ခု​နစ်​ယောက်​ကို ဖွား​မြင်​သော​မိန်း​မ​သည် အား​လျော့၍ အ​သက်​ချုပ်​လေ၏။ ည​အ​ချိန်​မ​ရောက်​မီ သူ၏​နေ​ဝင်​လေ၏။ သူ​သည် ရှက်​ကြောက်​မှိုင်​တွေ​လျက်​နေ​ရ၏။ ကျန်​ကြွင်း​သော​သူ​တို့​ကို​လည်း၊ ရန်​သူ​တို့​ရှေ့​မှာ၊ ဓား၌​ငါ​အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သင့်​ကို ငါ​ဆုံး​စေ​သော​အ​ခါ မိုး​ကောင်း​ကင်​ကို ငါ​ဖုံး​လွှမ်း၍ ကြယ်​တို့​ကို မိုက်​စေ​မည်။ နေ​ကို​မိုး​အုံ့​စေ​၍ လ​သည်​လည်း အ​လင်း​ကို မ​ပေး​ရ။

တောင်​တို့​ကို လုပ်၍ လေ​ကို​ဖန်​ဆင်း​ထ​သော၊ လူ​စိတ်​အ​ကြံ​အ​စည်​ကို လူ​အား​ဖော်​ပြ​ထ​သော၊ နံ​နက်​အ​လင်း​ကို အ​မိုက်​ဖြစ်​စေ​ထ​သော၊ မြင့်​သော​မြေ​အ​ရပ်​တို့​ကို နင်း​သော​သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

ခိ​မ​ကြယ်​စု​နှင့် ခ​သိ​လ​ကြယ်​ကို ဖန်​ဆင်း​ထ​သော၊ သေ​မင်း​အ​ရိပ်​ကို နံ​နက်​အ​လင်း ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​အ​လင်း​ကို ည​အ​မိုက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ထ​သော၊ ပင်​လယ်​ရေ​ကို​ခေါ်၍ မြေ​ပေါ်​မှာ သွန်း​လောင်း​ထ​သော၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​ထ​သော၊

သင်​တို့​သည် ရူ​ပါ​ရုံ​ကို မ​မြင်​နိုင်​မည်​အ​ကြောင်း၊ ည​အ​ချိန်​ရောက်​လိမ့်​မည်။ အ​နာ​ဂတ်​ကို မ​ဟော​နိုင်​မည်​အ​ကြောင်း၊ မှောင်​မိုက်​ဖြစ်​လိမ့်​မည်။ ပ​ရော​ဖက်​တို့၌ နေ​ဝင်​လိမ့်​မည်။ နေ့​အ​ချိန်၌​ပင် မှောင်​မိုက်​ဖုံး​လွှမ်း​လိမ့်​မည်။

နေ့​မ​ဟုတ်၊ ည​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား သိ​တော်​မူ​သော​နေ့​ရက်​တစ်​ရက်​ဖြစ်၍၊ ညဉ့်​ဦး​ယံ​အ​ချိန်​ရောက်​မှ လင်း​လိမ့်​မည်။

ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက် ရုတ်​ခ​နဲ နေ​သည်​မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​ကို​မ​ပေး။ ကြယ်​တို့​သည် ကောင်း​ကင်​မှ ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-

မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။-

မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။-

ထို​အ​ချိန်​သည် မွန်း​တည့်​အ​ချိန်​လောက်​ဖြစ်၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ​ဖြစ်​လေ၏။-

ဆ​ဋ္ဌ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင် ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်၏။ နေ​သည် အ​မွေး​ဖြင့်​ရက်​သော အ​ဝတ်​ကြမ်း​ကဲ့​သို့ မည်း၏။ လ​အ​လုံး​သည် အ​သွေး​ကဲ့​သို့ ဖြစ်၏။-

စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ နေ​သုံး​စု​တစ်​စု၊ လ​သုံး​စု​တစ်​စု၊ ကြယ်​သုံး​စု​တစ်​စု​ကြတ်၍ သုံး​စု​တစ်​စု မိုက်​လေ၏။ နေ့​သုံး​စု​တစ်​စု၊ ည​သုံး​စု​တစ်​စု​သည် အ​လင်း​မ​ရှိ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ