Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 8:11

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မွတ်​သိပ်​ခြင်း​ဘေး​ကို တစ်​ပြည်​လုံး၌ ငါ​ဖြစ်​စေ​သော​ကာ​လ ရောက်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး၍ မွတ်​သိပ်​ခြင်း​ဘေး မ​ဟုတ်၊ ရေ​ငတ်​ခြင်း​ဘေး​လည်း မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို မ​ကြား​ရ​သော မွတ်​သိပ်​ခြင်း​ဘေး ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကြာ​မြင့်​သော​ကာ​လ​ပတ်​လုံး၊ ဣ​သ​ရေ​လ​အ​မျိုး၌ မှန်​သော​ဘု​ရား မ​ရှိ။ ဩ​ဝါ​ဒ​ပေး​တတ်​သော ယဇ်​ပု​ရော​ဟိတ် မ​ရှိ။ တ​ရား​လည်း​မ​ရှိ​ဘဲ နေ၍၊

အ​ကျွန်ုပ်​တို့​သည် ကိုယ်​လ​က္ခ​ဏာ သက်​သေ​များ​ကို မ​မြင်​ရ​ပါ။ ပ​ရော​ဖက်​သည် တစ်​ဖန်​မ​ပေါ်​မ​ရှိ​ပါ။ အ​ကျွန်ုပ်​တို့​တွင် ကာ​လ​အ​ပိုင်း​အ​ခြား​ကို သိ​သော​သူ​မ​ရှိ​ပါ။

ဗျာ​ဒိတ်​တော်​မ​ရှိ​လျှင်၊ လူ​တို့​သည် အ​ကျိုး​နည်း ဖြစ်​ကြ၏။ တ​ရား​တော်​ကို​စောင့်​သော​သူ​မူ​ကား မင်္ဂ​လာ​ရှိ၏။

ဥ​ယျာဉ်​ကို ငါ​ရှင်း​ရှင်း​ဖျက်​ဆီး​မည်။ အ​ဘယ်​သူ​မျှ မ​ပြင်​ဆင်​ရ။ အ​ဘယ်​သူ​မျှ မ​တူး​ဆွ​ရ။ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥ​ယျာဉ်​အ​ပေါ်​မှာ​လည်း မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​ပ​ညတ်​မည်။

ဘေး​တစ်​ခု​နောက်​တစ်​ခု၊ သ​တင်း​တစ်​ခု နောက်​တစ်​ခု ပေါ်​လာ​လိမ့်​မည်။ ပ​ရော​ဖက်​ထံ​မှာ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ရှာ​သော်​လည်း မ​ရ​ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တ​ရား​ဟော​သော​အ​ခွင့်၊ အ​သက်​ကြီး​သော သူ​တို့​သည် အ​ကြံ​ပေး​သော​အ​ခွင့်​ကို မ​ရ​ဘဲ​နေ​ကြ​လိမ့်​မည်။

မ​ရှောင်​လျှင် သူ၏​အ​ဝတ်​ရှိ​သ​မျှ​ကို ငါ​ချွတ်၍၊ သူ​ဖွား​သော​နေ့၌ အ​ဝတ်​မ​ရှိ​သ​ကဲ့​သို့ အ​ဝတ်​မ​ပါ၊ ပြင်၌ ထုတ်​ထား​မည်။ လွင်​ပြင်​ကဲ့​သို့ သုတ်​သင်​မည်။ သွေ့​ခြောက်​သော မြေ​ကဲ့​သို့ ဖြစ်​စေ​လျက် ရေ​အ​ငတ်​ထား၍ သေ​စေ​မည်။

သင်​တို့​သည် ရူ​ပါ​ရုံ​ကို မ​မြင်​နိုင်​မည်​အ​ကြောင်း၊ ည​အ​ချိန်​ရောက်​လိမ့်​မည်။ အ​နာ​ဂတ်​ကို မ​ဟော​နိုင်​မည်​အ​ကြောင်း၊ မှောင်​မိုက်​ဖြစ်​လိမ့်​မည်။ ပ​ရော​ဖက်​တို့၌ နေ​ဝင်​လိမ့်​မည်။ နေ့​အ​ချိန်၌​ပင် မှောင်​မိုက်​ဖုံး​လွှမ်း​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။-

ရှ​မွေ​လ​က​လည်း၊ သင်​သည် ငါ့​ကို​နှောင့်​ယှက်​လျက် အ​ဘယ်​ကြောင့်​ဖော်​သ​နည်း​ဟု ရှော​လု​ကို မေး​သော်၊ ရှော​လု​က၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ပါ​ပြီ။ ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို စွန့်​တော်​မူ​ပြီ။ ပ​ရော​ဖက်​အား​ဖြင့် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့် ထူး​တော်​မ​မူ။ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို၊ ကိုယ်​တော်​ပြ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခေါ်​ပါ​ပြီ​ဟု ပြော​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့်​လည်း​ကောင်း၊ ဥ​ရိမ်​အား​ဖြင့်​လည်း​ကောင်း၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း​ကောင်း ထူး​တော်​မ​မူ။

သူ​ငယ်​ရှ​မွေ​လ​သည်၊ ဧ​လိ​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် နည်း​ပါး၏။ ထင်​ရှား​သော ရူ​ပါ​ရုံ​မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ