Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 7:7

Judson Bible

တစ်​ဖန်​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ချိန်​ကြိုး​ချ၍​လုပ်​သော ကျောက်​ရိုး​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည်​ရပ်​လျက်၊ လက်​တော်၌ ချိန်​ကြိုး​ကို ကိုင်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် လှေ​ကား​ထက်၌ ရပ်​တော်​မူ​လျက်၊ ငါ​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​အိပ်​သော​မြေ​ကို သင်​နှင့် သင်၏ အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်။

မော​ဘ​ပြည်​ကို​လည်း​လုပ်​ကြံ၍ ပြည်​သား​တို့​ကို မြေ​ပေါ်​မှာ လှဲ​ချ​သ​ဖြင့်၊ ကြိုး​နှင့်​တိုင်း​လျက် သုံး​စု​တွင် နှစ်​စု​ကို​သတ်၏။ တစ်​စု​ကို​ချမ်း​သာ​ပေး၏။ ထို​သို့ မော​ဘ​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။

ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ရှ​မာ​ရိ​မျဉ်း​ကြိုး​နှင့် အာ​ဟပ်​အ​မျိုး၏​ချိန်​ကြိုး​ကို ငါ​တန်း​ချ​မည်။ ပန်း​ကန်​ကို​သုတ်၍ သုတ်​ပြီး​မှ​မှောက်​ထား​သ​ကဲ့​သို့ ယေ​ရု​ရှ​လင်​မြို့​ကို ငါ​ပြု​မည်။

တ​ရား​မှု​ကို ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို မျဉ်း​ကြိုး​နှင့် မှန်​ထုပ်​အား​ဖြင့် ငါ​ပြု​မည်။ မိုး​သီး​ရွာ၍ ကိုး​စား​ရာ​မု​သား​ကို ပယ်​ရှား​လိမ့်​မည်။ ပုန်း​ကွယ်​ရာ​အ​ရပ်​ကို​လည်း ရေ​လွှမ်း​မိုး​လိမ့်​မည်။

ဝံ​ပို​ငှက်​နှင့် ဖြူ​ကောင်​တို့​သည် ထို​ပြည်​ကို အ​မွေ​ခံ၍၊ ဣ​ဗိတ်​ငှက်​နှင့် ကျီး​အ​တို့​သည်​လည်း နေ​ကြ​လိမ့်​မည်။ ထို​မြေ​အ​ပေါ်​မှာ လွတ်​လပ်​ခြင်း​မျဉ်း​ကြိုး​ကို​တန်း၍၊ လ​ဟာ​မှန်​ထုပ်​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​သ​တို့​သ​မီး၏​မြို့​ရိုး​ကို ဖြို​ဖျက်​မည်​ဟု အ​ကြံ​တော်​ရှိ​သည်​အ​တိုင်း၊ ကြိုး​ကို​တန်း၍ အ​စဉ်​မ​ပြတ် ဖြို​ဖျက်​တော်​မူ​သ​ဖြင့်၊ အ​တွင်း​မြို့​ရိုး​နှင့် ပြင်​မြို့​ရိုး​တို့​သည် အ​တူ​ညည်း​တွား၍ ငို​ကြွေး​မြည်​တမ်း​ရ​မည် အ​ကြောင်း​ပြု​တော်​မူ​ပြီ။

ထို​အ​ရပ်​သို့ ငါ့​ကို ဆောင်​သွား​တော်​မူ​သော​အ​ခါ၊ ကြေး​ဝါ​ကဲ့​သို့​အ​ဆင်း​အ​ရောင်​ရှိ​သော လူ​တစ်​ဦး​သည် တိုင်း​စ​ရာ​ကျူ​လုံး​နှင့် ချည်​ကြိုး​ကို ကိုင်​လျက် မြို့​တံ​ခါး​ဝ​မှာ ရပ်​နေ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ၍၊ ဤ​သို့ မ​ဖြစ်​ရ​ဟု မိန့်​တော်​မူ၏။

အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ချိန်​ကြိုး​ကို မြင်​ပါ​သည်​ဟု လျှောက်​သော်၊ ဘု​ရား​ရှင်​က၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး အ​လယ်၌ ချိန်​ကြိုး​ကို ငါ​ချ​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။

အ​မှု​ငယ်​ပြု​သော နေ့​ရက်​ကို အ​ဘယ်​သူ​သည် မ​ထီ​မဲ့​မြင် ပြု​ရ​သ​နည်း။ ချိန်​ကြိုး​သည် ဇေ​ရု​ဗ​ဗေ​လ​လက်၌ ရှိ​သည်​ကို ထို​ခု​နစ်​ပါး​တို့​သည် မြင်၍ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ထို​ခု​နစ်​ပါး​တို့​ကား၊ မြေ​ကြီး​တစ်​ပြင်​လုံး​တွင် တောင်​မြောက်​ပြေး​တတ်​သော၊ ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​များ ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

တစ်​ဖန် လှံ​တံ​နှင့်​တူ​သော ကျူ​ပင်​တစ်​လုံး​ကို ငါ့​အား​ပေး၍ ငါ့​ကို ပြော​ဆို​သည်​ကား၊ ထ​လော့။ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​နှင့်​ယဇ်​ပ​လ္လင်​ကို တိုင်း​လော့။ ဗိ​မာန်​တော်၌ ကိုး​ကွယ်​သော သူ​တို့​ကို​လည်း ရေ​တွက်​လော့။-

ငါ​နှင့်​စ​ကား​ပြော​သော​သူ​သည်၊ မြို့​ကို​လည်း​ကောင်း၊ တံ​ခါး​တို့​ကို​လည်း​ကောင်း၊ မြို့​ရိုး​ကို​လည်း​ကောင်း တိုင်း​ခြင်း​ငှာ၊ တိုင်း​စ​ရာ ရွှေ​ကျူ​လုံး​ပါ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ