အိမ်တစ်ဆောင်တွင် လူတစ်ကျိပ်ကျန်ကြွင်းသော်လည်း သေကြလိမ့်မည်။
မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော်မတ်တော် ကျွန်တော်မျိုးများထက် သာ၍မြတ်သောအရာ၌ ခန့်ထားတော်မူကြောင်းများကို ဖော်ပြလျက်၊
တောမှ လေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
သူ၏အိမ်၌ရှိသော ဥစ္စာသည် ကွယ်ပျောက်၍၊ အမျက်တော် ထွက်သောနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
သူ၏အနွယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက်၍ တစ်ဆက်တည်းတွင်၊ သူတို့၏နာမည်သည် ကျေပျောက်ပါစေ။
သူ၏သားမြေးတို့သည်မထ၊ မြေကြီးကိုမပိုင်၊ မြေတစ်ပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင်မည်အကြောင်း၊ သူတို့အဖို့ ဘိုးဘေးတို့၏အပြစ်ကြောင့် ကွပ်မျက်ခြင်းကိုပြင်ကြလော့။
သေမင်းသည် ငါတို့ပြတင်းပေါက်သို့တက်၍၊ ငါတို့ ဘုံဗိမာန်ထဲသို့ဝင်သဖြင့်၊ သူငယ်များကို လမ်းမှပယ်ရှင်း၍၊ လူပျိုများကို ပွဲသဘင်ထဲက ဖျက်ဆီးလေပြီ။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုး၏အမှုကိုထမ်းစေဖို့ လူတစ်ထောင်ကို ပေးနိုင်သောမြို့သည် လူတစ်ရာ၊ တစ်ရာကိုပေးနိုင်သောမြို့သည် တစ်ကျိပ်ကိုသာ ပေးနိုင်လိမ့်မည်။
ငါ၏ယဇ်ပလ္လင်မှ ငါမပယ်မဖြတ်သော သင်၏အမျိုးသားသည်၊ သင့်မျက်စိပျက်၍ စိတ်နာကျင်ဖို့ ရာဖြစ်လိမ့်မည်။ သင်၏ သားစဉ်မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေရကြလိမ့်မည်။