Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 6:14

Judson Bible

အ​ကယ်​စင်​စစ်၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​တစ်​ဖက်၌ လူ​တစ်​မျိုး​ကို ငါ​ထ​စေ၍၊ ထို​လူ​မျိုး​သည် ဟာ​မတ်​မြို့​လမ်း​ဝ​မှ​စ၍ တော၌​ရှိ​သော မြစ်​တိုင်​အောင် သင်​တို့​ကို ညှဉ်း​ဆဲ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​နှစ်​လီ၊ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိ​တ္တဲ၏​သား ပ​ရော​ဖက်​ယော​န​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​အ​တိုင်း၊ ထို​မင်း​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဟာ​မက်​မြို့​ဝင်​ဝ​မှ​သည် ချိုင့်​ပင်​လယ်​တိုင်​အောင် ရန်​သူ​လက်​မှ​နုတ်၍ ပြု​စု​လေ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ပေ​ကာ​လက်​ထက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သည်​လာ၍ ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့​နှင့်​တ​ကွ ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​ပြည်​သား​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား၏။

ဟော​ရှေ​နန်း​စံ​ကိုး​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​ရ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အာ​ရှု​ရိ​ပြည်​သို့​သိမ်း​သွား၍ ဂေါ​ဇန်​မြစ်​နား၊ ဟာ​လ​မြို့၊ ဟာ​ဗော်​မြို့​အ​စ​ရှိ​သော မေ​ဒိ​နိုင်​ငံ​မြို့​ရွာ​တို့၌​ထား၏။

ထို​ကာ​လ​တွင် မြစ်​ကြီး​တစ်​ဖက်၌ နေ​သော​သူ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တည်း​ဟူ​သော ငှား​သော​သင်​တုန်း​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် ဆံ​ပင်​နှင့် ခြေ​မွေး​ကို ရိတ်​တော်​မူ​မည်။ မုတ်​ဆိတ်​ကို​လည်း ပယ်​ရှင်း​တော်​မူ​မည်။

အ​နောက်​ဘက်၌ မ​ဟာ​ပင်​လယ်​သည် တောင်​ဘက်​မှ​စ၍၊ ဟာ​မတ်​မြို့ တစ်​ဖက်​တစ်​ချက်​တိုင်​အောင် ပိုင်း​ခြား​လျက်​ရှိ​ရ​မည်။ ဤ​ရွေ့​ကား၊ အ​နောက်​ဘက် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။

ရှ​မာ​ရိ​မြို့​သား​တို့​သည် ဗေ​သ​ဝင်​နွား​သ​ငယ်​အ​ဖို့ ကြောက်​ကြ​လိမ့်​မည်။ ထို​နွား​သ​ငယ်၏ ဘုန်း​အ​တွက် သူ၏​တ​ကာ​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ရန်​သူ​တို့​သည် ထို​ဘုန်း​ကို လု​ယူ၍၊

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​တို့​သည် ရှ​မာ​ရိ​ပြည်​ကို​ဝိုင်း​ပြီး​လျှင်၊ သင်၏​အ​စွမ်း​သ​တ္တိ​ကို နှိမ့်​ချ၍၊ ဗိ​မာန်​တို့​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ