Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 5:9

Judson Bible

ခွန်​အား​ကြီး​သော သူ​တို့​ကို​လည်း​ကောင်း၊ ရဲ​တိုက်​တို့​ကို​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ​သော ဘု​ရား​ကို ရှာ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အ​ရှေ့​ပြတင်း​ပေါက်​ကို ဖွင့်​လော့​ဟု​ဆို၍ ဖွင့်​လေ၏။ ပစ်​လော့​ဟု​ဆို​သည်​အ​တိုင်း ရှင်​ဘု​ရင်​သည် ပစ်​လေ၏။ ဧ​လိ​ရှဲ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ရာ​မြား၊ ရှု​ရိ​မင်း​လက်​မှ ကယ်​နုတ်​ရာ​မြား​ဖြစ်၏။ အာ​ဖက်​မြို့၌ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင်​လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။

ဟာ​ဇေ​လ​သည်​စစ်​တိုက်၍ ယော​ခတ်​မင်း​လက်​မှ နုတ်​ယူ​သော မြို့​ရွာ​တို့​ကို ယော​ခတ်​သား ယ​ဟော​ရှ​သည် ဟာ​ဇေ​လ​သား​ဗင်္ဟာ​ဒဒ်​လက်​မှ တစ်​ဖန်​နုတ်​ယူ၏။ သုံး​ကြိမ်​တိုင်​အောင် ယ​ဟော​ရှ​သည်​နိုင်၍ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ရ​ပြန်​လေ၏။

သို့​ရာ​တွင်၊ သင်၏​ရန်​သူ အ​လုံး​အ​ရင်း​သည် အ​ဏု​မြူ​ကဲ့​သို့​လည်း​ကောင်း၊ ကြောက်​မက်​ဖွယ်​သော​သူ အ​လုံး​အ​ရင်း​သည် လွင့်​သွား​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၍၊ အ​လျင်​တ​ဆော ချက်​ချင်း အ​မှု​ရောက်​လိမ့်​မည်။

ထို​မျှ​မ​က၊ သင်​တို့​ကို​စစ်​တိုက်​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​ကို သင်​တို့​သည် လုပ်​ကြံ​သ​ဖြင့်၊ သူ​တို့​တွင် ဒဏ်​ချက်​ထိ​သော သူ​သက်​သက်​ကျန်​ကြွင်း​သော်​လည်း၊ သူ​တို့​သည် အ​သီး​အ​သီး​မိ​မိ​တို့​ထဲ၌​ထ၍၊ ဤ​မြို့​သို့ မီး​ရှို့​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ပြေး​ကောင်း​သော​သူ​သည် ပြေး​သော​အ​ခွင့်​ကို မ​ရ။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား​ကို ထုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ရ။ သူ​ရဲ​သည် ကိုယ်​ကို မ​ကယ်​လွှတ်​ရ။

သင်၏​ပြည်၌ မြို့​ရိုး​တို့​ကို ငါ​ပယ်​ရှင်း၍၊ သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​ကို ဖြို​ဖျက်​မည်။

မီး​အ​ရှိန်​ကို ငြိမ်း​စေ​ခြင်း၊ ဓား​လက်​နက်​ဘေး​နှင့် ကင်း​လွတ်​ခြင်း၊ အ​နာ​မှ​ထ​မြောက်၍ ကျန်း​မာ​ခြင်း၊ စစ်​တိုက်​သော​အ​ခါ ခွန်​အား​နှင့်​ပြည့်​စုံ​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ တပ်​များ​ကို ဖျက်​ဆီး​ခြင်း​အ​မှု​များ​ကို ပြု​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ