Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 5:8

Judson Bible

ခိ​မ​ကြယ်​စု​နှင့် ခ​သိ​လ​ကြယ်​ကို ဖန်​ဆင်း​ထ​သော၊ သေ​မင်း​အ​ရိပ်​ကို နံ​နက်​အ​လင်း ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​အ​လင်း​ကို ည​အ​မိုက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ထ​သော၊ ပင်​လယ်​ရေ​ကို​ခေါ်၍ မြေ​ပေါ်​မှာ သွန်း​လောင်း​ထ​သော၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​ထ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

မှောင်​မိုက်​ထဲ၌ နက်​နဲ​သော​အ​ရာ​တို့​ကို ထင်​ရှား​စေ၍၊ သေ​ခြင်း​အ​ရိပ်​ကို​အ​လင်း​ထဲ​သို့ ထုတ်​ဖော်​တော်​မူ၏။

ဒဏ်​ခတ်​သော်​လည်း​ကောင်း၊ မြေ​တော်​ကို ပြု​စု​သော်​လည်း​ကောင်း၊ ချမ်း​သာ​ပေး​သော်​လည်း​ကောင်း လာ​စေ​တော်​မူ၏။

များ​စွာ​သော​မိုး​ရေ​သည် သင့်​ကို လွှမ်း​မိုး​စေ​ခြင်း​ငှာ မိုး​တိမ်​တို့​ကို အ​သံ​လွှင့်​နိုင်​သ​လော။

အာ​ရှ​ကြယ်၊ ခ​သိ​လ​ကြယ်၊ ခိ​မ​ကြယ်​စု​မှ​စ၍ တောင်​မျက်​နှာ ကြယ်​တိုက်​တို့​ကို ဖန်​ဆင်း​တော်​မူ၏။

ကိုယ်​တော်​သည် မှောင်​မိုက်​ကို စီ​ရင်​တော်​မူ၍ ည​ဖြစ်​ပါ၏။ ထို​အ​ချိန်၌ တော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည်​တွား​လျက် ထွက်​တတ်​ကြ​ပါ၏။

မှောင်​မိုက်​ကို​စေ​လွှတ်၍၊ မိုက်​မဲ​စေ​တော်​မူ၏။ သူ​တို့​သည် နှုတ်​က​ပတ်​တော်​ကို ဆန့်​ကျင်​ဘက်​မ​ပြု​ရ​ကြ။

မျက်​စိ​ကန်း​သော​သူ​တို့​ကို မိ​မိ​တို့​မ​သိ​သော​လမ်း​ဖြင့် ငါ​ဆောင်​မည်။ မိ​မိ​တို့ မ​ကျွမ်း​သော​ခ​ရီး၌ သွား​စေ​မည်။ သူ​တို့​ရှေ့​မှာ မှောင်​မိုက်​ကို လင်း​စေ​မည်။ ကောက်​သော​လမ်း​ကို​လည်း ဖြောင့်​စေ​မည်။ ထို​သို့​သော​ကျေး​ဇူး​ကို ပြု​မည်။ သူ​တို့​ကို မ​စွန့်​ပစ်။

မ​မြင်​နိုင်​သော သူ​ကဲ့​သို့ နံ​ရံ​ကို​စမ်း​သပ်​ရ​ကြ၏။ မျက်​စိ​မ​ရှိ​သော သူ​ကဲ့​သို့ စမ်း​သပ်​ရ​ကြ၏။ ည​အ​ချိန်၌ ဖြစ်​သ​ကဲ့​သို့ မွန်း​တည့်​အ​ချိန်၌ ထိ​မိ၍ လဲ​ကြ၏။ စည်း​စိမ်​ကို ခံ​စား​လျက်၊ သေ​သော​သူ​ကဲ့​သို့ ဖြစ်​ကြ​၏။

သို့​ဖြစ်၍၊ ငါ​သည် ယ​ခု​အ​ခါ သူ​တို့​ကို​သ​တိ​ပေး၍၊ ငါ့​လက်​နှင့် ငါ့​တန်​ခိုး​ကို ဖော်​ပြ​သော​အား​ဖြင့်၊ ငါ့​နာ​မ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

ဤ​အ​မှု​ကို ပြု​သော​ဘု​ရား၊ ဤ​အ​မှု​ကို ဖန်​ဆင်း​စီ​ရင်​သော​ဘု​ရား၊ ယေ​ဟော​ဝါ အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊

တောင်​တို့​ကို လုပ်၍ လေ​ကို​ဖန်​ဆင်း​ထ​သော၊ လူ​စိတ်​အ​ကြံ​အ​စည်​ကို လူ​အား​ဖော်​ပြ​ထ​သော၊ နံ​နက်​အ​လင်း​ကို အ​မိုက်​ဖြစ်​စေ​ထ​သော၊ မြင့်​သော​မြေ​အ​ရပ်​တို့​ကို နင်း​သော​သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ မွန်း​တည့်​အ​ချိန်၌ ငါ​သည် နေ​ကို​ဝင်​စေ​မည်။ ကြည်​လင်​သော​နေ့၌ မြေ​ကြီး​ကို မိုက်​စေ​မည်။

အ​ထက်​အ​ခန်း​တော်​တို့​ကို ကောင်း​ကင်၌​ဆောက်၍၊ အောက်​တိုက်​တော်​ကို မြေ​ကြီး​ပေါ်​မှာ တည်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​ရေ​ကို​ခေါ်၍ မြေ​ကြီး​ပြင်၌ သွန်း​လောင်း​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

မှောင်​မိုက်​ထဲ​မှာ​ရှိ​နေ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏​ဟု ဟော​ထား​သ​တည်း။-

မှောင်​မိုက်​နှင့် သေ​မင်း၏​အ​ရိပ်​ထဲ​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း၍၊ ငါ​တို့​အား ငြိမ်​သက်​ခြင်း​လမ်း​ကို ပြ​လျက်​ရှိ​သည်​ဟု ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ