အာမုတ် 5:7Judson Bibleတရားသဖြင့်စီရင်ခြင်းကို ဒေါနဖြစ်စေ၍ ဖြောင့်မတ်ခြင်းတရားကို မြေသို့ချကြပြီးသောသူတို့၊ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက်တော်မူသောပျိုးပင်ကား၊ ယုဒလူတည်း။ တရားစီရင်ခြင်းကို မျှော်လင့်တော်မူသည်ရှိသော်၊ အသေသတ်ခြင်းကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းအရာ၌လည်း ငိုကြွေးခြင်းကိုလည်းကောင်း တွေ့မြင်တော်မူ၏။
သို့ရာတွင် တရားသောသူသည် ဖောက်ပြန်၍၊ အဓမ္မအမှုကိုလည်းကောင်း၊ မတရားသောသူပြုသမျှသော စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကိုလည်းကောင်းပြုလျှင်၊ အသက်ရှင်ရမည်လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသောအပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။
တစ်ဖန်တုံ၊ ဖြောင့်မတ်သောသူသည် ဖောက်ပြန်၍ ဒုစရိုက်ကိုပြုလျှင်လည်းကောင်း၊ ထိမိ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာ ငါထားလျှင်လည်းကောင်း သူသည် သေလိမ့်မည်။ သင်သည် သတိမပေးသောကြောင့်၊ သူသည် မိမိအပြစ်၌ သေလိမ့်မည်။ သူကျင့်ဖူးသော တရားကို ပမာဏမပြုရ။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။
ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက်၊ ထိုလူမျိုးတို့၏ ဘုရားများထံသို့ သွား၍ဝတ်ပြုသောယောက်ျား၊ မိန်းမ၊ အဆွေအမျိုး တစ်စုံတစ်ယောက်သည် သင်တို့တွင်ပါမည်ဟူ၍လည်းကောင်း၊ ခါးစွာသောအသီး၊ ဒေါနကိုသီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟူ၍လည်းကောင်း၊