Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 5:13

Judson Bible

ထို​သို့​သော​ကာ​လ​သည် ဆိုး​ယုတ်​သော​ကာ​လ ဖြစ်​သော​ကြောင့်၊ ပ​ညာ​ရှိ​သော​သူ​သည် တိတ်​ဆိတ်​စွာ နေ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​လူ​တို့​လည်း စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြန်​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြန်​မ​ပြော​နှင့်​ဟု ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​သ​တည်း။

ငါ​ဆိုင်း​လင့်​သည်​တွင် သူ​တို့​သည် နှုတ်​မ​မြွက်၊ ပြန်၍​မ​ပြော​ဘဲ ငြိမ်​ငြိမ်​နေ​ကြ၏။

နား​မ​ကြား၊ ပြန်၍​မ​ငြင်း​နိုင်​သော​သူ​ကဲ့​သို့ ဖြစ်​ပါ၏။

အ​ဝတ်​ကို ဆုတ်​ရ​သော​အ​ချိန်​နှင့် ချုပ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ တိတ်​ဆိတ်​စွာ​နေ​သော​အ​ချိန်​နှင့်၊ စ​ကား​ပြော​ရ​သော အ​ချိန်​လည်း​ရှိ၏။

လူ​သည် မိ​မိ​ကာ​လ​အ​ချိန်​ကို မ​သိ​တတ်။ ဘေး​ပြု​ရာ ပိုက်​ကွန်​အုပ်​မိ​သော​ငါး​ကဲ့​သို့​လည်း​ကောင်း၊ ကျော့​ကွင်း၌ ကျော့​မိ​သော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​သား​တို့​သည် ဘေး​ပြု​ရာ​ကာ​လ​ထဲ​သို့ အ​မှတ်​တ​မဲ့​ရောက်၍ ကျော့​မိ​တတ်​ကြ၏။

ယု​ဒ​လူ​တို့​လည်း၊ စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြန်​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြန်​မ​ပြော​နှင့်​ဟု ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​သ​တည်း။

ဟေ​ဇ​ကိ​မင်း​မှာ​ထား​သော စ​ကား​ဟူ​မူ​ကား၊ ယ​နေ့​သည် ဒု​က္ခ​နေ့၊ ဆုံး​မ​သော​နေ့၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​နေ့​ဖြစ်၏။ သား​ဖွား​ချိန်​ရောက်၍ သား​ကို ဖွား​နိုင်​အောင်​ခွန်​အား​မ​ရှိ။

သို့​ရာ​တွင်၊ အ​ဘယ်​သူ​မျှ မ​ဆီး​တား​စေ​နှင့်။ အ​ဘယ်​သူ​မျှ မ​ဆုံး​မ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​သည် ယဇ်​ပု​ရော​ဟိတ်​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။

ပေါက်​ဖော်​တော်၍ မီး​ဖြင့် သင်္ဂြိုဟ်​ရ​သော​သူ​သည် အိမ်​ထဲ​က​အ​သေ​ကောင်​ကို​ထုတ်၍ ချီ​သွား​သော​အ​ခါ၊ အိမ်​အ​တွင်း​တွင်​ရှိ​သော သူ​ကို​ခေါ်၍၊ သင်၌ တစ်​စုံ​တစ်​ယောက် ကျန်​ကြွင်း​သေး​သ​လော​ဟု မေး​သော်၊ မ​ကျန်​ကြွင်း​ဟု ပြန်​ပြော​လိမ့်​မည်။ ထမ်း​သွား​သော​သူ​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ရ​သော အ​ခွင့်​မ​ရှိ​ဟု ပြော​ဆို​လိမ့်​မည်။

သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​လည်​ပင်း မ​လွတ်၊ ခေါင်း​မ​ကြွ​နိုင်​သော ဘေး​ဒဏ်​ကို ထို​သို့​သော အိမ်​ထောင်​တစ်​ဖက်၌ ငါ​ကြံ​စည်၏။ ဆိုး​သော​ကာ​လ​ဖြစ်​လိမ့်​မည်။

ဗျာ​ဒိတ်​တော်​သံ​ကို ငါ​ကြား​သော​အ​ခါ ရင်၌ လှုပ်​ရှား​ခြင်း၊ မေး​ခိုင်​ခြင်း၊ အ​ရိုး​ဆွေး​မြေ့​ခြင်း၊ တစ်​ကိုယ်​လုံး တုန်​လှုပ်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​မှု​ရောက်​သော​နေ့၊ လုပ်​ကြံ​သော​သူ​သည် ငါ၏​လူ​မျိုး​ကို တိုက်​လာ​သော နေ့​တိုင်​အောင် ငါ​သည် နေ​ရစ်​ရ​မည်။

ထို​ကြောင့်၊ ခဲ​ယဉ်း​ဆိုး​ယုတ်​သော နေ့​ရက်​ကာ​လ၌ ဆီး​တား​နိုင်​သ​ဖြင့်၊ ကိ​စ္စ​အ​လုံး​စုံ​တို့​ကို ပြီး​စီး၍ ခံ​ရပ်​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ယူ​ဆောင်​ကြ​လော့။-

နောင်​ကာ​လ​သည် ခဲ​ယဉ်း​သော ကာ​လ​ဖြစ်​မည်​ဟု သိ​မှတ်​လော့။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ