Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 4:12

Judson Bible

သို့​ဖြစ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ အ​ထက်​က​ပြု​သ​ကဲ့​သို့ သင်​တို့၌ ငါ​ပြု​ဦး​မည်။ ထို​သို့​ပြု​မည် ဖြစ်​သော​ကြောင့်၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ဘု​ရား​သ​ခင်​နှင့် တွေ့​ခြင်း​ငှာ ကိုယ်​ကို​ပြင်​ဆင်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ငြိမ်​သက်​စွာ​နေ​သော မိန်း​မ​တို့၊ တုန်​လှုပ်​ကြ​လော့။ သ​တိ​မ​ရှိ​သော​သူ​တို့၊ ပူ​ပန်​ခြင်း​ရှိ​ကြ​လော့။ အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ပယ်​ချွတ်​ပြီး​မှ၊ ခါး၌ လျှော်​တေ​အ​ဝတ်​ကို စည်း​ကြ​လော့။

သင်​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​မည်။ ငါ​သည် အ​ပြစ်​ဒဏ်​ကို ပေး​မည်။ အ​ဘယ်​သူ​နှင့်​မျှ မိတ်​သ​ဟာ​ယ​မ​ဖွဲ့။

မီး​သည် အ​မှိုက်​ကို​လောင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​ကို ဆူ​စေ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​စေ​သော။ သို့​ဖြစ်​လျှင်၊ ကိုယ်​တော်၏ ရန်​သူ​တို့​သည် နာ​မ​တော်​ကို​သိ၍၊ ရှေ့​တော်၌ လူ​အ​မျိုး​မျိုး​တို့​သည် တုန်​လှုပ်​ကြ​ပါ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပင်​လယ်​မ​လွန်​နိုင်​အောင် ဆီး​တား​ဖို့​ရာ သဲ​ကို ထာ​ဝ​ရ​အ​ပိုင်း​အ​ခြား​ခန့်​ထား​သော​ငါ​ကို သင်​တို့​သည် မ​ကြောက်​ကြ​သ​လော။ ငါ၏​ရှေ့​တော်၌ မ​တုန်​လှုပ်​ကြ​သ​လော။ ပင်​လယ်​လှိုင်း​တံ​ပိုး​တို့​သည် ထ၍​မ​နိုင်၊ ဟုန်း၍ မ​ကျော်​မ​လွန်​နိုင်​သော်​လည်း၊

ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရောက်​မှ စစ်​တိုက်၍ ခံ​နိုင်​မည်​အ​ကြောင်း၊ သူ​တို့​သည် မြို့​ရိုး​ပျက်​အ​ပေါ်​သို့ တက်၍၊ ပြု​ပြင်​ခြင်း​အ​မှု​ကို မ​ပြု​ဘဲ​နေ​ကြ၏။

ထို​ပြည်​ကို ငါ​မ​ဖျက်​ဆီး​စေ​ခြင်း​ငှာ ကွယ်​ကာ​သော​သူ၊ မြို့​ရိုး​ပျက်​ပေါ်​မှာ​ရပ်၍ ဆီး​တား​သော​သူ တစ်​ယောက်​ကို​မျှ ငါ​ရှာ၍​မ​တွေ့။

သား​ပျောက်​သော ဝံ​မ​ကဲ့​သို့ သူ​တို့​ကို ငါ​ဆီး​ကြို၍၊ သူ​တို့​နှ​လုံး၌ ဖုံး​သော​အ​မြှေး​ကို ဆုတ်​ဖဲ့​မည်။ ခြင်္သေ့​မ​ကဲ့​သို့ တွေ့​သော​အ​ရပ်၌​ပင် ငါ​ကိုက်​စား​မည်။ တော​သား​ရဲ​ဖြစ်၍ အ​ပိုင်း​ပိုင်း ဆွဲ​ဖြတ်​မည်။

အ​ပြေး​ကောင်း​သော​သူ​သည် ပြေး​သော​အ​ခွင့်​ကို မ​ရ။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား​ကို ထုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ရ။ သူ​ရဲ​သည် ကိုယ်​ကို မ​ကယ်​လွှတ်​ရ။

ထို​ကြောင့် သင်​တို့​သည် ပြင်​ဆင်​လျက်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့ မ​ထင်​မ​မှတ်​သော အ​ချိန်​နာ​ရီ၌ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။

တ​ရား​တွေ့​ဖက်​နှင့်​အ​တူ လမ်း၌​သွား​စဉ်​တွင်​ပင်၊ သူ၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး၌ အပ်​မည်။ တ​ရား​သူ​ကြီး​သည်​လည်း လု​လင်​ခေါင်း၌​အပ်၍ ထောင်​ထဲ၌ လှောင်​ထား​မည်။-

ထို​ကြောင့်၊ သင်​သည်​ခံ​ယူ၍ နား​ထောင်​ပြီး​သည်​အ​ရာ​ကို အောက်​မေ့၍ စောင့်​ရှောက်​လော့။ နောင်​တ​ရ​လော့။ စောင့်၍ မ​နေ​လျှင် သူ​ခိုး​ကဲ့​သို့ သင်​ရှိ​ရာ​သို့ ငါ​လာ​မည်။ လာ​မည့်​အ​ချိန်​နာ​ရီ​ကို​လည်း သင်​မ​သိ​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ