အာမုတ် 3:8Judson Bibleခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲနေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင်ပေါ်မှာ နေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ ဆီးတားအော်ဟစ်ခြင်းကို မကြောက်၊ သူတို့ပြုသော အသံဗလံအားဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တော်တည်းဟူသော ဇိအုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှာ ဆင်းသက်တော်မူလိမ့်မည်။