Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 2:7

Judson Bible

ဆင်း​ရဲ​သော​သူ​တို့၏​ခေါင်း​ကို မြေ​မှုန့်​နှင့် ဖုံး​လွှမ်း​စေ​ခြင်း​ငှာ အ​လွန်​အ​လို​ကြီး၍၊ နှိမ့်​ချ​သော​သူ​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​အ​ပြစ်၊ ငါ၏​နာ​မ​မြတ်​ကို​ရှုတ်​ချ​ခြင်း​ငှာ အ​ဘ​နှင့်​သား​သည် တစ်​ဦး​တည်း​သော​မိန်း​မ​ကို ပေါင်း​ဖော်​သော​အ​ပြစ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ကိုယ်​တော်​သည် ထို​သို့​ပြစ်​မှား​သော​အား​ဖြင့်၊ ကဲ့​ရဲ့​စ​ရာ​အ​ခွင့်​ကြီး​ကို ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​အား​ပေး​သော​ကြောင့်၊ ယ​ခု​မြင်​သော​သား​သည် ဆက်​ဆက်​သေ​ရ​မည်​ဟု ဒါ​ဝိဒ်​အား​လျှောက်​ဆို​ပြီး​လျှင်၊

ဘိုး​ဘေး​မှ အ​မွေ​ခံ​သော​မြေ​ကို မ​ပေး​ရ​ဟု ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်​လျှောက်​သော စ​ကား​ကြောင့် အာ​ဟပ်​မင်း​သည်​ညစ်​ညူး​သော​စိတ်​နှင့် ညှိုး​ငယ်​လျက်၊ နန်း​တော်​သို့​သွား၍ အ​စာ​ကို​မ​စား၊ မျက်​နှာ​ကို​လွှဲ၍ သ​လွန်​ပေါ်​မှာ အိပ်​လျက်​နေ၏။

လူ​မျက်​နှာ​ကို​မ​ထောက်​ကောင်း။ သို့​သော်​လည်း၊ လူ​သည် မုန့်​တ​ဖဲ့​ကို​ရ​ခြင်း​ငှာ ဒု​စ​ရိုက်​ကို ပြု​လိမ့်​မည်။

ငတ်​မွတ်​သော​သူ​တို့​ကို တ​ရား​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

ငါ၏​လူ​မျိုး​တွင် ဆင်း​ရဲ​သား​တို့၏​အ​ခွင့်​အ​ရာ​ကို ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ၍၊ မိ​ဘ​မ​ရှိ​သော​သူ​တို့၏​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ကျပ်​တည်း​စွာ​သော မှတ်​ချက်​ကို မှတ်​သား​သော စာ​ရေး​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​တွင်၊ အ​သက်​ကြီး​သူ​တို့​ကို​လည်း​ကောင်း၊ မင်း​တို့​ကို​လည်း​ကောင်း တ​ရား​စီ​ရင်​ရာ၌ ဆီး​ကြို​တော်​မူ​မည်။ သင်​တို့​သည် ငါ့​ဥ​ယျာဉ်​တော်​ကို စား​ကြ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့၏​ဥ​စ္စာ​ကို​လု​ယူ၍၊ မိ​မိ​တို့​အိမ်၌ သို​ထား​ကြ​ပြီ။

ငါ၏​လူ​တို့​ကို အ​ဘယ်​ကြောင့် နှိပ်​စက်​ကြ​သ​နည်း။ ဆင်း​ရဲ​သား​တို့၏​မျက်​နှာ​ကို အ​ဘယ်​ကြောင့် ကြိတ်​ကြ​သ​နည်း​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင့်​အ​လယ်၌ အ​ချို့​တို့​သည် အိမ်​နီး​ချင်း​မ​ယား​ကို ပြစ်​မှား​ကြ၏။ အ​ချို့​တို့​သည် မိ​မိ​ချွေး​မ​နှင့် ဆိုး​ညစ်​သော​အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ၏။ အ​ချို့​တို့​သည် မိ​မိ​နှ​မ၊ မိ​မိ​အ​ဘ၏​သ​မီး​ကို ရှုတ်​ချ​ကြ၏။

သို့​ရာ​တွင် တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ရောက်​သော​အ​ခါ ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ကြ၏။ ကိုယ်​ပြည်​မှ ထွက်​သွား​ရ​ကြ၏​ဟု သူ​တစ်​ပါး​ပြော​ဆို​သ​ဖြင့်၊ ငါ၏​နာ​မ​မြတ်​ကို​ရှုတ်​ချ​သော​ကြောင့်၊

သင်​တို့​သ​မီး​တို့​သည် ယောက်ျား​နှင့် မှား​ယွင်း၍ ချွေး​မ​တို့​သည် မျောက်​မ​ထား​သော်​လည်း ငါ​မ​စစ်​ကြော၊ အ​ကြောင်း​မူ​ကား၊ ယောက်ျား​တို့​သည် ကိုယ်​မ​ယား​ကို​စွန့်​ပစ်၍ ပြည့်​တန်​ဆာ​တို့​နှင့် ပေါင်း​ဖော်​တတ်​ကြ၏။ မိန်း​မ​ရွှင်​တို့​နှင့်​အ​တူ ယဇ်​ပူ​ဇော်​တတ်​ကြ၏။ သို့​ဖြစ်၍ ပ​ညာ​မ​ရှိ​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။

သား၏​မ​ယား​တည်း​ဟူ​သော ချွေး​မ​ကို​လည်း​ကောင်း၊

သင်၏​သား​သ​မီး​တို့​ကို၊ မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ကိုယ်​အ​ဘ၏​မ​ယား​မည်​သည်​ကို မ​ချဉ်း​ရ။ အ​ဘ​နှင့်​သာ ဆိုင်၏။

ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​လျက်၊ ငါ့​သန့်​ရှင်း​သော​နာ​မ​တော်​ကို ရှုတ်​ချ​လျက်၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား​ဆက်​ကပ်​သော​သူ​ကို၊ ငါ​သည် မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

ဆင်း​ရဲ​သော​သူ​တို့​ကို ညှဉ်း​ဆဲ​လျက်၊ ငတ်​မွတ်​သော​သူ​တို့​ကို နှိပ်​စက်​လျက်၊ မိ​မိ​သ​ခင်​တို့​အား ငါ​တို့​သောက်​ဖို့​ယူ​ခဲ့​ကြ​ဟု ဆို​တတ်​လျက်၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ​နေ​သော ဗာ​ရှန်​နွား​တို့၊ ဤ​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။

သင်​တို့​သည် ဆင်း​ရဲ​သား​ကို​နှိပ်​စက်၍ ဂျုံ​စ​ပါး​ကို တောင်း​ခံ​တတ်​သော​ကြောင့်၊ ဆစ်​သော​ကျောက်​နှင့် တိုက်​ကို​တည်​သော်​လည်း ထို​တိုက်၌ မ​နေ​ရ​ကြ။ နှစ်​သက်​ဖွယ်​သော စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း၊ စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။

သင်​တို့ အ​ထပ်​ထပ် လွန်​ကျူး​သော​ဒု​စ​ရိုက်၊ အ​လွန်​လေး​သော အ​ပြစ်​တို့​ကို ငါ​သိ၏။ ဖြောင့်​မတ်​သော​သူ​ကို နှောင့်​ယှက်​တတ်​ကြ၏။ တံ​စိုး​စား​တတ်​ကြ၏။ ဆင်း​ရဲ​သား​ကို တံ​ခါး​ဝ​တွင် မ​တ​ရား​သ​ဖြင့် စီ​ရင်​တတ်​ကြ၏။

ငါ​တို့​သည် စ​ပါး​ကို ရောင်း​အံ့​သော​ငှာ လ​ဆန်း​နေ့​လွန်​ပါ​စေ၊ ဂျုံ​ကို ရောင်း​အံ့​သော​ငှာ ဥ​ပုသ်​နေ့ လွန်​ပါ​စေ​ဟု​ဆို​လျက်၊ ဧ​ဖာ​လေး​ကို ငယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျပ်​လေး​ကို ကြီး​စေ​ခြင်း​ငှာ​လည်း​ကောင်း လုပ်၍၊ စဉ်း​လဲ​သော ချိန်​ခွင်​ကို သုံး​လျက် ဆင်း​ရဲ​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ဝယ်၍၊ ညံ့​သော​ဂျုံ​ဆန်​ကို​ရောင်း​လျက်၊ ငတ်​မွတ်​သော သူ​တို့​ကို နှိပ်​နင်း၍ ဆင်း​ရဲ​သော ပြည်​သား​တို့​ကို ဖြတ်​ခြင်း​ငှာ အ​လွန်​အ​လို​ကြီး​သော​သူ​တို့၊ ဤ​စ​ကား​ကို နား​ထောင်​ကြ​လော့။

သူ​တစ်​ပါး၏​အိမ်​နှင့် လယ်​ယာ​တို့​ကို​တပ်​မက်၍ အ​နိုင်​အ​ထက် သိမ်း​ယူ​လျက်၊ လူ​နှင့် သူ၏​အိမ်​ကို​လည်း​ကောင်း၊ လူ​ကြီး​နှင့် သူ၏​အ​မွေ​ဥ​စ္စာ​ကို​လည်း​ကောင်း လု​ယက်၍ ညှဉ်း​ဆဲ​တတ်​ကြ၏။

ငါ့​လူ​တို့၏​မ​ယား​များ​ကို သူ​တို့​သာ​ယာ​သော နေ​ရာ​ထဲ​က​နှင်​ထုတ်၍၊ သူ​တို့​သား​များ​မှ ငါ၏​ဘုန်း​ကို အ​စဉ်​နုတ်​ယူ​ကြ​ပြီ။

မြို့​အ​လယ်၌ မင်း​များ​တို့​သည် ဟောက်​သော​ခြင်္သေ့​ဖြစ်​ကြ၏။ တ​ရား​သူ​ကြီး​တို့​သည် နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ မ​ချန်​မ​ထား၊ ည၌ လှည့်​လည်​တတ်​သော တော​ခွေး​ဖြစ်​ကြ၏။

အ​ကြောင်း​မူ​ကား၊ ကျမ်း​စာ၌ လာ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​တို့​အ​ကျင့်​ကို ထောက်၍ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ကဲ့​ရဲ့​တတ်​ကြ၏။-

မ​တ​ရား​သော​မေ​ထုန် သာ​မ​ည​မ​ဟုတ်၊ အ​ဘ၏​မ​ယား​ကို သိမ်း​ယူ​ခြင်း​တည်း​ဟူ​သော သာ​သ​နာ​ပ​လူ​တို့​တွင်​ပင် မ​ကြား​ရ​သော မေ​ထုန်၌​မှီ​ဝဲ​သော​သူ​သည် သင်​တို့​တွင် ရှိ​ကြောင်း​ကို အ​နှံ့​အ​ပြား​ကျော်​စော​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ