တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသည် ဖြောင့်မတ်သောသူကို ငွေနှင့်လည်းကောင်း၊ ဆင်းရဲသောသူကို ခြေနင်းတစ်ရံနှင့်လည်းကောင်း ရောင်းသောအပြစ်၊
အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံမြို့ရွာတို့၌ထား၏။
အကြောင်းမူကား၊ သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ ဖွဲ့တော်မူသော ပဋိညာဉ်ကိုလည်းကောင်း၊ ထာဝရဘုရား၏ကျွန် မောရှေမှာထားသမျှကိုလည်းကောင်း၊ အမှုမထားလွန်ကျူးကြ၏။
ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏အခွင့်အရာကို ရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မုဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ဥစ္စာကို လုယူခြင်းငှာလည်းကောင်း၊ မတရားသဖြင့် စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။
တရားတွေ့၍ ဆင်းရဲသားကို အပြစ်ရောက်စေသောသူ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှာ ပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေသောသူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။
သို့ဖြစ်၍၊ သင်ဆည်းပူးသောဥစ္စာ၊ သင့်အလယ်၌သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး၏။
သူတို့သည် ငါ၏လူတို့အဖို့ စာရေးတံချကြပြီ။ လူကလေးကို ပြည်တန်ဆာနှင့်လည်းကောင်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်လည်းကောင်း ဖလှယ်ကြပြီတကား။
ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကိုနေရင်းပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှာ၊ ဟေလသအမျိုးသားတို့အား ရောင်းလိုက်သောကြောင့်လည်းကောင်း၊
ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည်ကို မသိကြ။ ရောင်းစားသော သူတို့ကလည်း၊ ငါရတတ်သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ။