ရဲရင့်သော သူရဲသည် ထိုနေ့၌ အဝတ်မပါဘဲပြေးသွားရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ရဲရင့်သောသူတို့သည် လုယူခြင်းကိုခံရ၍ အိပ်ပျော်ကြပြီ။ အားကြီးသောသူ တစ်စုံတစ်ယောက်မျှ မိမိလက်ကို မတွေ့ရ။
မြို့ တို့ကိုလုပ်ကြံ၍ ရဲတိုက်တို့ကို တိုက်ယူသောကြောင့်၊ ထိုနေ့၌ မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည်၊ သားဖွားခြင်းဝေဒနာကို ခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ ဖြစ်ရလိမ့်မည်။
သူသည်လည်း စောင်ကိုစွန့်ပစ်၍ အဝတ်မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေးလေ၏။
သိသရသည် ကေနိအမျိုးသား ဟေဗာ၏မယား ယေလ၏တဲသို့ ခြေဖြင့်ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင်ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိတ်သဟာယဖွဲ့လျက် ရှိသတည်း။