Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 1:7

Judson Bible

ဂါ​ဇ​မြို့​ရိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍ ဘုံ​ဗိ​မာန်​တို့​ကို​လောင်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဖိ​လိ​တ္တိ​လူ​တို့​ကို​တိုက်၍ ဂါ​ဇ​မြို့​နယ်​တိုင်​အောင် ခိုင်​ခံ့​သော​မြို့​များ​နှင့် ကင်း​စောင့်​သော မျှော်​စင်​များ​ကို လုပ်​ကြံ​လေ၏။

ထို​မင်း​သည် စစ်​ချီ၍ ဖိ​လိ​တ္တိ​လူ​တို့​ကို တိုက်​သ​ဖြင့်၊ ဂါ​သ​မြို့​ရိုး၊ ယာ​ဗ​နေ​မြို့​ရိုး၊ အာ​ဇုတ်​မြို့​ရိုး​တို့​ကို ဖြို​ဖျက်​ပြီး​မှ၊ အာ​ဇုတ်​မြို့​ပတ်​လည်၊ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်၌ မြို့​သစ်​တို့​ကို တည်​ထောင်​လေ၏။

ဖာ​ရော​ဘု​ရင်​သည် ဂါ​ဇ​မြို့​ကို​မ​လုပ်​ကြံ​မီ၊ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို​ရည်​မှတ်၍၊ ပ​ရော​ဖက်​ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊

ဂါ​ဇ​မြို့​သည် ဆံ​ပင်​ရိတ်​ခြင်း​ကို ခံ​ရ၏။ အာ​ရှ​ကေ​လုန်​မြို့​နှင့် ကျန်​ကြွင်း​သော ချိုင့်​အ​ရပ်​သည် ပျက်​စီး​ပြီ။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​အ​သား​ကို ခုတ်​ဖြတ်​ရ​မည်​နည်း။

ငါ​သည် အဲ​ဂု​တ္တု​ပြည်၌ မီး​ညှိ၍ ထို​ပြည်​ကို မ​စ​သ​မျှ​သော သူ​တို့​သည်​ပျက်​စီး​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

မာ​ဂေါ​ဂ​ပြည်​နှင့် ပင်​လယ်​ကမ်း​နား​မှာ ငြိမ်​ဝပ်​စွာ​နေ​သော သူ​တို့​အ​ပေါ်​သို့ မီး​ကို​ငါ​လွှတ်​လိုက်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

ဟာ​ဇေ​လ​မင်း​မျိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ဗင်္ဟာ​ဒဒ်​မင်း၏ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဂါ​ဇ​မြို့​သည် ချုပ်​ထား​သော​သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌ အပ်​ခြင်း​ငှာ သိမ်း​သွား​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

အာ​ဇုတ်​မြို့​သား​တို့​ကို​လည်း​ကောင်း၊ အာ​ရှ​ကေ​လုန်​မြို့၌ မင်း​ပြု​သော​သူ​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ ဧ​ကြုန်​မြို့​ကို​လည်း​တိုက်၍ ကျန်​ကြွင်း​သော ဖိ​လိ​တ္တိ​လူ​တို့​သည် ပျက်​စီး​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ကယ်​စင်​စစ် ဂါ​ဇ​မြို့​သည် စွန့်​ပစ်​ရာ၊ အာ​ရှ​ကေ​လုန်​မြို့​သည် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​လိမ့်​မည်။ အာ​ဇုတ်​မြို့​သား​တို့​ကို မွန်း​တည့်​အ​ချိန်၌ နှင်​ထုတ်၍၊ ဧ​ကြုန်​မြို့​ကို​လည်း ဖြို​ဖျက်​ကြ​လိမ့်​မည်။

ချစ်​သူ​တို့၊ သူ​တစ်​ပါး​သည် သင်​တို့​ကို ပြစ်​မှား​လျှင်၊ ကိုယ်​တိုင် အ​ပြစ်​ပြန်၍ မ​တုံ့​ကြ​နှင့်။ အ​မျက်​တော်​ကို အ​ခွင့်​ပေး​ကြ​လော့။ ကျမ်း​စာ​လာ​သည်​ကား၊ ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-

အ​ပြစ်​တ​ရား​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ အ​ပြစ်​နှင့်​အ​လျောက် ဆပ်​ပေး​ရ​သော အ​ခွင့်​ကို​ငါ​ပိုင်၏။ အ​ချိန်​တန်​မှ သူ​တို့​ခြေ​သည် ချော်​လိမ့်​မည်။ သူ​တို့၌ ဘေး​ရောက်​သော​အ​ချိန် နီး​ပြီ။ သူ​တို့​တွေ့​ကြုံ​ရ​သော​အ​မှု​သည် အ​လျင်​အ​မြန် ရောက်​လာ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ