Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 1:5

Judson Bible

ဒ​မာ​သက်​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​ကို ချိုး​မည်။ အာ​ဝင်​ချိုင့်​သား​တို့​ကို​လည်း​ကောင်း၊ ဗေ​သေ​ဒင်​မြို့၌ မင်း​ပြု​သော​သူ​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ ရှု​ရိ​ပြည်​သား​တို့​သည် ကိ​ရ​မြို့​သို့ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယေ​ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း၊ စစ်​တိုက်​ခြင်း၊ အ​ထက်​က ယု​ဒ​နိုင်​ငံ​အ​ဝင်​ဖြစ်​သော ဒ​မာ​သက်​မြို့​နှင့် ဟာ​မက်​မြို့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့၊ ရန်​သူ​လက်​မှ နုတ်​ယူ​ခြင်း​အ​ရာ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။

အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် နား​ထောင်၍ ဒ​မာ​သက်​မြို့​သို့​စစ်​ချီ၍ တိုက်​ယူ​ပြီး​လျှင်၊ ပြည်​သား​တို့​ကို ကိ​ရ​မြို့​သို့ သိမ်း​သွား၏။ ရေ​ဇိန်​မင်း​ကို​လည်း​သတ်၏။

ဧ​လံ​အ​မျိုး​သည် မြား​တောင့်​ကို ဆောင်​လျက်၊ ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ​တို့​နှင့်​တ​ကွ လာ၏။ ကိ​ရ​အ​မျိုး​သည် ဒိုင်း​လွှား​ကို ထုတ်​လေ၏။

သင်​တို့​ကို ရွေး​နုတ်​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​တွက်၊ ဗာ​ဗု​လုန်​မြို့​သို့ စေ​လွှတ်၍၊ ပြေး​သော မြို့​သား​တို့​နှင့် ခါ​လ​ဒဲ​လူ​များ​ကို သူ​တို့​ပျော်​မွေ့​ရာ သင်္ဘော​သို့ ဆင်း​စေ​မည်။

အ​ကြောင်း​မူ​ကား၊ ထို​သူ​ငယ်​သည် အ​မိ​အ​ဘ​ဟု မ​ခေါ်​တတ်​မီ၊ ဒ​မာ​သက်​မြို့၏​စည်း​စိမ်၊ ရှ​မာ​ရိ​မြို့၌ လု​ယက်​သော​ဥ​စ္စာ​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် သိမ်း​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဓား​ဘေး​သည် မိ​စ္ဆာ​ဆ​ရာ​တို့​အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် အ​ရူး​ဖြစ်​ကြ​လိမ့်​မည်။ ဓား​ဘေး​သည် ထို​မြို့​သား စစ်​သူ​ရဲ​တို့​အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။

ဗာ​ဗု​လုန်​စစ်​သူ​ရဲ​တို့​သည် စစ်​မ​ပြိုင်​ဘဲ ရဲ​တိုက်​များ၌​နေ​ကြ၏။ အား​လျော့၍ မိန်း​မ​ကဲ့​သို့ ဖြစ်​ကြ၏။ မြို့​သား​နေ​ရာ​တို့​ကို မီး​ရှို့၍၊ တံ​ခါး​ကျင်​တို့​ကို ချိုး​ဖဲ့​ကြ၏။

မြို့​တံ​ခါး​ရွက်​တို့​သည် မြေ၌​မြှုပ်​လျက်​ရှိ​ကြ၏။ ကန့်​လန့်​ကျင်​တို့​ကို ချိုး​ဖဲ့​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် နေ​ရ​ကြ၏။ တ​ရား​တော်​မ​ရှိ။ ပ​ရော​ဖက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ခံ​မ​ရ​ကြ။

ခါ​ရန်​မြို့​သား၊ က​န္နေ​မြို့​သား၊ ဧ​ဒင်​မြို့​သား၊ ရှေ​ဘ​ကုန်​သည်၊ အာ​ရှု​ရိ​ကုန်​သည်၊ ခိ​လ​မဒ်​ကုန်​သည်​တို့​လည်း၊ သင်​နှင့်​ကုန်​သွယ်၍၊

အာ​ဝင်​မြို့၊ ဖိ​ဗေ​သက်​မြို့​သား လု​လင်​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​သ​ဖြင့်၊ မိန်း​မ​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​ပြစ်​မှား​ရာ အာ​ဝင်​မြို့​ကုန်း​တို့​သည် ပြို​ကျ၍၊ ဆူး​ပင်​အ​မျိုး​မျိုး​တို့​သည် သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို လွှမ်း​မိုး​ကြ​လိမ့်​မည်။ မြို့​သား​တို့​က​လည်း၊ အို တောင်​များ​တို့၊ ငါ​တို့​ကို ဖုံး​အုပ်​ကြ​ပါ။ အို ကုန်း​များ​တို့၊ ငါ​တို့​အ​ပေါ်၌ ကျ​ကြ​ပါ​ဟု ခေါ်​ကြ​လိမ့်​မည်။

ဗေ​သ​လ​မြို့​ကို မ​ရှာ​ကြ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ဝင်​ကြ​နှင့်။ ဗေ​ရ​ရှေ​ဘ​မြို့​သို့ မ​သွား​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဂိ​လ​ဂါ​လ​မြို့​သည် ဆက်​ဆက် သိမ်း​သွား​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဗေ​သ​လ​မြို့​သည်​လည်း၊ အ​ကျိုး​နည်း ရှိ​ရ​လိမ့်​မည်။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ၌ ကု​ရှ​အ​မျိုး​သား​ကဲ့​သို့ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သ​ကဲ့​သို့၊ ဖိ​လိ​တ္တိ​လူ​တို့​ကို က​တ္တော​ရ​ပြည်​မှ​လည်း​ကောင်း၊ ရှု​ရိ​လူ​တို့​ကို ကိ​ရ​ပြည်​မှ​လည်း​ကောင်း ငါ​နုတ်​ဆောင်​ပြီ​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်၏​လူ​တို့​သည် သင့်​အ​လယ်၌ မိန်း​မ​ကဲ့​သို့​ဖြစ်၍၊ ပြည်​တံ​ခါး​တို့​သည် ရန်​သူ​တို့​အား ကျယ်​ကျယ်​ပွင့်​လျက်၊ ကန့်​လန့်​ကျင်​တို့​သည် မီး​လောင်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ