Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



အာ​မုတ် 1:4

Judson Bible

ဟာ​ဇေ​လ​မင်း​မျိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ဗင်္ဟာ​ဒဒ်​မင်း၏ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ ဒ​မာ​သက်​တော​သို့​ပြန်၍ ခ​ရီး​သွား​လော့။ ရောက်​သော​အ​ခါ ဟာ​ဇေ​လ​ကို ရှု​ရိ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။

ဟာ​ဇေ​လ​သည်​စစ်​တိုက်၍ ယော​ခတ်​မင်း​လက်​မှ နုတ်​ယူ​သော မြို့​ရွာ​တို့​ကို ယော​ခတ်​သား ယ​ဟော​ရှ​သည် ဟာ​ဇေ​လ​သား​ဗင်္ဟာ​ဒဒ်​လက်​မှ တစ်​ဖန်​နုတ်​ယူ၏။ သုံး​ကြိမ်​တိုင်​အောင် ယ​ဟော​ရှ​သည်​နိုင်၍ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ရ​ပြန်​လေ၏။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်၍၊ ယော​ခတ်​မင်း​လက်​ထက် ကာ​လ​ပတ်​လုံး၊ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​နှင့် သူ၏​သား​ဗင်္ယာ​ဒဒ်​လက်​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို အပ်​တော်​မူ၏။

နောက်​တစ်​ဖန်​ရှု​ရိ​ရှင်​ဘု​ရင် ဗင်္ဟာ​ဒဒ်​သည် ဗိုလ်​ခြေ​အ​ပေါင်း​ကို စု​ဝေး​စေ​သ​ဖြင့် စစ်​ချီ၍ ရှ​မာ​ရိ​မြို့​ကို ဝိုင်း​ထား၏။

ထို​အ​ခါ ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​တည်း​ဟူ​သော ရွှေ​ငွေ​ရှိ​သ​မျှ​ကို၊ အာ​သ​သည်​ထုတ်၍၊ ဒ​မာ​သက်​မြို့၌​နေ​သော ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့ ပေး​လိုက်၍၊

သို့​မ​ဟုတ်၊ ဥ​ပုသ်​နေ့၌​ဝန်​ကို ထမ်း​ရွက်၍၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​များ​သို့​မ​ဝင်၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​သည်​တိုင်​အောင်၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​လျှင်၊ ငါ​သည် ထို​မြို့​တံ​ခါး​တို့​ကို​မီး​ရှို့၍၊ ထို​မီး​သည် မ​ငြိမ်း​မ​သေ​ဘဲ ယေ​ရု​ရှ​လင်​မြို့ ဘုံ​ဗိ​မာန်​တို့​ကို လောင်​ရ​လိမ့်​မည်။

ငါ​သည်​လည်း၊ ဒ​မာ​သက်​မြို့​ရိုး​ကို မီး​ရှို့၍၊ ဗင်္ဟာ​ဒဒ်၏​နန်း​တော်​တို့​ကို လောင်​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

ငါ​သည် အဲ​ဂု​တ္တု​ပြည်၌ မီး​ညှိ၍ ထို​ပြည်​ကို မ​စ​သ​မျှ​သော သူ​တို့​သည်​ပျက်​စီး​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

မာ​ဂေါ​ဂ​ပြည်​နှင့် ပင်​လယ်​ကမ်း​နား​မှာ ငြိမ်​ဝပ်​စွာ​နေ​သော သူ​တို့​အ​ပေါ်​သို့ မီး​ကို​ငါ​လွှတ်​လိုက်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​သည် သူ့​ကို​ဖန်​ဆင်း​တော်​မူ​သော သ​ခင်​ကို​မေ့​လျော့၍ ဘုံ​ဗိ​မာန်​များ​ကို တည်​ဆောက်​တတ်၏။ ယု​ဒ​သည်​လည်း ခိုင်​ခံ့​သော​မြို့​တို့​ကို များ​ပြား​စေ​တတ်၏။ သို့​ရာ​တွင်၊ ငါ​သည် ထို​မြို့​များ​တို့​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​များ​တို့​ကို မီး​လောင်​ရ​လိမ့်​မည်။

တု​ရု​မြို့​ရိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။

တေ​မန်​မြို့​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ဗော​ဇ​ရ​မြို့၏ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။

ရ​ဗ္ဗာ​မြို့​ရိုး​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ စစ်​တိုက်​သော​နေ့၌ အော်​ဟစ်​ခြင်း၊ မိုး​သက်​မုန်​တိုင်း ရောက်​သော​နေ့၌ လွင့်​သွား​ခြင်း​ရှိ​လိမ့်​မည်။

ဂါ​ဇ​မြို့​ရိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍ ဘုံ​ဗိ​မာန်​တို့​ကို​လောင်​စေ​မည်။

မော​ဘ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ကေ​ရုတ်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ ကြီး​သော အ​သံ​ဗ​လံ​ပြု​ခြင်း၊ အော်​ဟစ်​ခြင်း၊ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ မော​ဘ​ပြည်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။

ယု​ဒ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ယေ​ရု​ရှ​လင်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။

ရှေ​ခင်​မြို့​သား​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း သူ​တို့​ခေါင်း​ပေါ်​သို့ ဘု​ရား​သ​ခင် ရောက်​စေ​တော်​မူ​သ​ဖြင့်၊ ယေ​ရု​ဗ္ဗာ​လ​သား ယော​သံ​ကျိန်​သော စ​ကား​အ​တိုင်း သူ​တို့​သည် ခံ​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ