ဟဗက္ကုတ် 3:13Judson Bibleကိုယ်တော်၏လူတို့ကို ကယ်တင်ခြင်း၊ ကိုယ်တော်ပေးတော်မူ၍ ဘိသိက်ခံသောသူတို့ကို ကယ်တင်ခြင်းအလိုငှာ ထွက်ကြွတော်မူ၏။ အဓမ္မလူ၏အိမ်၌ ဦးခေါင်းကို နှိပ်စက်၍၊ မူလအမြစ်ကို လည်ပင်းတိုင်အောင် ပယ်ရှင်းတော်မူ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ငါကြည့်ရှု၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက် မိန့်တော်မူသည်ကား၊ ရှိသမျှသောသူတို့၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ်၍ ပြိုကျစေခြင်းငှာ တံခါးထုပ်ကို ရိုက်လော့။ သူတို့သားမြေးများကိုလည်း ဓားနှင့် ငါကွပ်မျက်မည်။ ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ။
ယောရှုထံသို့ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့်အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်းတို့ကိုခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ်အပေါ်၌ ခြေကိုတင်ကြဟု ဗိုလ်မင်းတို့အားဆိုသည်အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏ လည်ကုပ်အပေါ်၌ ခြေကိုတင်ကြ၏။