Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 3:11

Judson Bible

နေ​နှင့် လ​သည် မိ​မိ​တို့​နေ​ရာ၌ ရပ်၍ နေ​ပါ၏။ သူ​တို့ အ​လင်း၌ မြား​တော်​တို့​သည် သွား၍၊ သူ​တို့​ရောင်​ခြည်၌ လှံ​တော်​သည်​လည်း လျှပ်​စစ်​ပြက်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့၏​အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌​နှံ့​ပြား၍၊ သူ​တို့၏​စ​ကား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် အ​မှု​တော်​တည်း​ဟူ​သော၊ ထူး​ခြား​သော အ​မှု​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုပ်​တော်​တည်း​ဟူ​သော၊ လုပ်​မြဲ​မ​ဟုတ်​သော အ​လုပ်​တော်​ကို လက်​စ​သတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ပြု​သ​ကဲ့​သို့ ထ​တော်​မူ​မည်။ ဂိ​ဗောင်​ချိုင့်​ထဲ​မှာ ရှိ​သ​ကဲ့​သို့ အ​မျက်​ထွက်​တော်​မူ​မည်။

ကြည့်​ရှု​လော့။ အာ​ခတ်၏ နေ​တိုင်း​နာ​ရီ​ပေါ်​မှာ ရွေ့​သော​အ​ရိပ်​ကို ဆယ်​ချက်​ပြန်​စေ​မည်​ဟု ဆို၏။ ဆို​သည်​အ​တိုင်း ဆယ်​ချက်​ရွေ့​ပြီး​သော​အ​ရိပ်​သည် ဆယ်​ချက်​ပြန်​လေ၏။

ငါ့​နှုတ်​ကို ထက်​သော​ဓား​ကဲ့​သို့ ဖြစ်​စေ၍၊ လက်​တော်​အ​ရိပ်၌ ဖုံး​ထား​တော်​မူ၏။ ငါ့​ကို​လည်း ဦး​သစ်​သော စည်း​သွား​ဖြစ်​စေ၍၊ မိ​မိ​မြား​တောင့်ထဲ​မှာ ဝှက်​ထား​တော်​မူ၏။

မြင်း​စီး​သူ​ရဲ​သည် မီး​တောက်​သော​ဓား၊ လျှပ်​စစ်​ပြက်​သော လှံ​ကို​ချီ​လျက်၊ တိုက်​သော​သူ​ရဲ​အ​များ​နှင့် သေ​သော​သူ အ​ပုံ​ပုံ​ရှိ​ကြ၏။ အ​သေ​ကောင်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်။ လူ​သေ​ကောင်​များ​ကို ထိ​မိ၍ လဲ​တတ်​ကြ၏။

ကိုယ်​တော်​သည် အ​မျိုး​အ​နွယ်​တော်​တို့၌ ထား​တော်​မူ​သော သ​စ္စာ​က​တိ​ရှိ​သည်​အ​တိုင်း၊ လေး​လက်​နက်​တော်​ကို ထုတ်​ပြ​တော်​မူ၏။ မြေ​ကြီး၌ မြစ်​တို့​ကို ပေါက်​စေ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ​ထင်​ရှား​တော်​မူ၍၊ မြား​တော်​သည် လျှပ်​စစ်​ပြက်​သ​ကဲ့​သို့ ပြေး​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​သည် တံ​ပိုး​မှုတ်၍၊ တောင်​လေ​ပွေ​တို့​နှင့် ကြွ​သွား​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ