Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 2:18

Judson Bible

ထု​လုပ်​သော ရုပ်​တု​သည် အ​ဘယ်​အ​ကျိုး​ကို ပေး၍၊ လက်​သ​မား​သည် ထု​လုပ်​ရ​သ​နည်း။ သွန်း​သော​ရုပ်​တု​နှင့် မိ​စ္ဆာ​ဆ​ရာ​သည် အ​ဘယ်​အ​ကျိုး​ကို​ပေး၍၊ လုပ်​သော​သူ​သည် မိ​မိ​အ​လုပ်​ကို မှီ​ခို​လျက်၊ စ​ကား​အ​သော ရုပ်​တု​တို့​ကို လုပ်​ရ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

ရုပ်​တု​ဆင်း​တု​ကို ဝတ်​ပြု​သော​သူ၊ အ​ချည်း​နှီး​သက်​သက်​သော​အ​ရာ၌ ဝါ​ကြွား​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ရှိ​ကြ​စေ။ ဘု​ရား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။

ခွန်​အား​ကြီး​သော​သူ​သည် ပိုက်​ဆန်​လျှော်​ဖြစ်​လျက်၊ သူ​၏​အ​မှု​သည် မီး​ပွား​ဖြစ်​လျက်၊ ထို​နှစ်​ပါး​သည် အ​တူ​လောင်​ကြ​လိမ့်​မည်။ ထို​မီး​ကို​အ​ဘယ်​သူ​မျှ မ​သတ်​ရ။

နောက်​တစ်​ဖန် သူ​သည် မိ​မိ​ဘု​ရား​နိ​သ​ရုတ်၏ ဗိ​မာန်၌ ကိုး​ကွယ်​စဉ်​တွင်၊ သား​တော်​အာ​ဒြ​မ္မေ​လက်​နှင့် ရှ​ရေ​ဇာ​သည် ခ​မည်း​တော်​ကို ဓား​နှင့်​သတ်​ပြီး​လျှင်၊ အာ​ရ​မ​နိ​ပြည်​သို့ ပြေး​ကြ၏။ သား​တော် ဧ​သ​ရ​ဟ​ဒ္ဒုန်​သည်​လည်း၊ ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ပန်း​တဉ်း​သ​မား​သည် ရုပ်​တု​ကို​သွန်း​ပြီး​မှ၊ ပန်း​ထိမ်​သ​မား​သည် ရွှေ​နှင့်​မွမ်း​မံ၍၊ ငွေ​ကြိုး​ကို​လည်း လုပ်​တတ်၏။

ငါ​တို့​သည် သိ​ရ​မည်​အ​ကြောင်း၊ ရှေ့​ဦး​စွာ​မှ​စ၍ အ​ဘယ်​သူ​သည် ဟော​ပြော​သ​နည်း။ မှန်​ပေ၏​ဟု ငါ​တို့​သည် ဆို​ရ​မည်​အ​ကြောင်း၊ ရှေး​မ​ဆွ​က အ​ဘယ်​သူ​သည် ဟော​ပြော​သ​နည်း။ ဖော်​ပြ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ဟော​ပြော​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ သင်​တို့​စ​ကား​ကို ကြား​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။

ရုပ်​တု​ဆင်း​တု​ကို ခို​လှုံ၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏​ဟု သွန်း​သော ရုပ်​တု​တို့​အား ဆို​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍၊ အ​လွန် အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

ပန်း​ပဲ​သ​မား​သည် ပု​ဆိန်​ကို​လုပ်​ခြင်း​ငှာ မီး​ခဲ၌​ဖုတ်၍၊ လက်​ရုံး​အား​ထုတ်​လျက် သံ​တူ​နှင့်​ထု​တတ်၏။ အ​ကယ်၍ မွတ်​သိပ်​သော​အ​ခါ အား​လျော့​တတ်၏။ ရေ​မ​သောက်​ရ​သော​အ​ခါ မော​တတ်၏။

ရုပ်​တု​ကို​လုပ်​သော သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်၍ မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ အ​ရှက်​ကွဲ၍ တစ်​ပြိုင်​နက် ဆုတ်​သွား​ကြ​လိမ့်​မည်။

သင်​တို့​သည် စည်း​ဝေး၍ လာ​ကြ​လော့။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​မှ ဘေး​လွတ်​သော​သူ​တို့၊ စည်း​ဝေး​ကြ​လော့။ မိ​မိ​ထု​လုပ်​သော သစ်​သား​ကို ဆောင်​ရွက်​သော​သူ၊ မ​ကယ်​တင်​နိုင်​သော ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​တို့​သည် ပ​ညာ​မ​ရှိ​ကြ။

သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း တိ​ရ​စ္ဆာန်​သ​ဘော​နှင့် မိုက်​သော​သ​ဘော​ရှိ​ကြ၏။ သစ်​သား​သော်​လည်း မိုက်​သော​အ​ယူ​ကို ဆုံး​မ​တတ်၏။

အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​ရဲ​တိုက်၊ အ​မှု​ရောက်​သော​နေ့၌ အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ တစ်​ပါး​အ​မျိုး​သား​တို့​က၊ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့ ဘိုး​ဘေး​တို့​သည် မု​သား၊ အ​န​တ္တ၊ အ​ချည်း​နှီး​သော အ​ရာ​တို့​ကို အ​မွေ​ခံ​ကြ​ပါ​ပြီ​ဟု၊ မြေ​ကြီး​စွန်း​မှ ကိုယ်​တော်​ထံ​သို့ လာ၍ လျှောက်​ကြ​ပါ​လိမ့်​မည်။

ယဇ်​ပု​ရော​ဟိတ်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု မ​မေး​ကြ။ ကျမ်း​တတ်​တို့​သည် ငါ့​ကို​မ​သိ​ကြ။ သင်း​အုပ်​တို့ သည် ငါ့​ကို​ပြစ်​မှား​ကြ၏။ ပ​ရော​ဖက်​တို့​သည် ဗာ​လ​ကို​အ​မှီ​ပြု၍ ဟော​ပြော​လျက်၊ ကျေး​ဇူး​မဲ့​သော​လမ်း​သို့ လိုက်​ကြ၏။

လူ​မျိုး​တို့​တွင် သ​တင်း​ကြား​ပြော​ကြ​လော့။ ဝှက်၍​မ​ထား​ဘဲ အ​လံ​ကို​ထူ၍ ကြော်​ငြာ​ကြ​လော့။ ကြား​ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​မြို့​ကို တိုက်​ယူ​ကြ​ပြီ။ ဗေ​လ​ဘု​ရား​သည် အ​ရှက်​ကွဲ​ပြီ။ မေ​ရော​ဒပ်​ဘု​ရား​သည် ကျိုး​ပြီ။ ဗာ​ဗု​လုန် ရုပ်​တု​ဆင်း​တု​တို့​သည် အ​ရှက်​ကွဲ၍ ကျိုး​ပဲ့​လျက်​ရှိ​ကြ၏။

လူ​မည်​သည်​ကား၊ မိ​မိ​ဉာဏ်​အား​ဖြင့် တိ​ရ​စ္ဆာန်​ကဲ့​သို့​ဖြစ်၏။ ရုပ်​တု​ကို သွန်း​သော​သူ​တိုင်း မိ​မိ​လုပ်​သော ရုပ်​တု​အား​ဖြင့် မှောက်​မှား​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သွန်း​သော​ရုပ်​တု​သည် မု​သား​ဖြစ်၏။ သူ၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ။

ကောင်း​ကင်​ဘုံ၏ အ​ရှင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ဗိ​မာန်​တော်၏ ဖ​လား​တို့​ကို ရှေ့​တော်​သို့ ယူ​ခဲ့​စေ၍၊ ကိုယ်​တော်​တိုင်​မှ​စ​သော မှူး​တော်​မတ်​တော်၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ​တ​ကား။ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း၍၊ ကိုယ်​တော်၏ အ​သက်​သ​ခင်​တည်း​ဟူ​သော ကိုယ်​တော်၏​အ​မှု​အ​လုံး​စုံ​တို့​ကို စီ​ရင်​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို မ​ချီး​မွမ်း​ဘဲ နေ​ပါ​ပြီ​တ​ကား။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ချက်​တို့​ကို​မ​စောင့်၊ ပ​ညတ်​တ​ရား​တော်​ကို စွန့်​ပစ်၍၊ ဘိုး​ဘေး​တို့ လိုက်​ဖူး​သော မိ​စ္ဆာ​ဒိ​ဌိ​အား​ဖြင့် မှား​ယွင်း​သော​အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

မု​သား​အ​န​တ္တ​ကို မှီ​ဝဲ​သော​သူ​တို့​သည် မိ​မိ​တို့ က​ရု​ဏာ​ခံ​ရာ​အ​ကြောင်း​ကို စွန့်​ပစ်​ကြ​ပါ၏။

တေ​ရပ်​ရုပ်​တု​တို့​သည် အ​န​တ္တ​စ​ကား​ကို ပြော​ကြ၏။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​သည် မု​သား​ရူ​ပါ​ရုံ​ကို​မြင်၍၊ မ​မှန်​သော​အိပ်​မက်​ကို ဟော​ပြော​ကြ၏။ အ​ချည်း​နှီး နှစ်​သိမ့်​စေ​ကြ၏။ ထို​ကြောင့်၊ သိုး​စု​ကဲ့​သို့ လည်​သွား၍ သိုး​ထိန်း​မ​ရှိ​သော​ကြောင့် ဆင်း​ရဲ​ခံ​ရ​ကြ၏။

ယ​ခု သင်​တို့​ရှက်​ကြောက်​သော ထို​အ​ကျင့်​တို့​ကို ကျင့်​စဉ်​အ​ခါ၊ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​သ​နည်း။ ထို​သို့​သော​အ​ကျင့်​သည် သေ​ခြင်း၌ လမ်း​ဆုံး​သ​တည်း။-

သင်​တို့​သည် အ​ထက်​က​သာ​သ​နာ​ပ​လူ​ဖြစ်၍၊ သူ​တစ်​ပါး သွေး​ဆောင်​သ​ဖြင့်၊ စ​ကား​မ​ပြော​နိုင်​သော ရုပ်​တု​ရှိ​ရာ​သို့ ပါ​သွား​သော​သူ ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ကြ၏။-

သား​ရဲ​ကို ဖမ်း​မိ​ကြ၏။ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍၊ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​တို့​ကို လှည့်​ဖြား၍ သား​ရဲ​ရှေ့၌ နိ​မိတ်​များ​ကို ပြ​တတ်​သော မိ​စ္ဆာ​ပ​ရော​ဖက်​ကို​လည်း ဖမ်း​မိ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​နှစ်​ဦး​ကို ကန့်​နှင့် လောင်​သော​မီး​အိုင်​ထဲ​သို့ ချ​ပစ်​ကြ၏။-

သို့​ဖြစ်၍ ငါ့​သား​အား ယ​ခု​ငါ​ပြန်​ပေး​မည်​ဟု​ဆို​သော်​လည်း၊ သား​သည် ထို​ငွေ​ကို အ​မိ​အား​ပြန်​ပေး၏။ အ​မိ​သည်​လည်း နှစ်​ပိဿာ​ကို​ယူ၍ ပန်း​ထိမ်​သ​မား၌ အပ်​သ​ဖြင့်၊ သူ​သည် ထု​သော​ရုပ်​တု​နှင့် သွန်း​သော​ရုပ်​တု​ကို​လုပ်၍ ရုပ်​တု​တို့​သည် မိ​က္ခာ​အိမ်၌ ရှိ၏။

ကျေး​ဇူး​မ​ပြု မ​ကယ်​တင်​နိုင်၊ အ​ချည်း​နှီး​ဖြစ်​သော အ​ရာ​တို့​နောက်​သို့ လမ်း​လွှဲ၍ မ​လိုက်​ကြ​နှင့်။ ထို​သို့​သော​အ​ရာ​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ