ဟဗက္ကုတ် 2:13Judson Bibleလူများတို့သည် မီးထဲမှာ လုပ်ဆောင်၍၊ အမျိုးမျိုးတို့သည် အချည်းနှီးသော အမှု၌ ပင်ပန်းစေခြင်းငှာ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား စီရင်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။
ဧဒုံအမျိုးသားတို့က၊ ငါတို့သည်ပျက်စီးသော်လည်း၊ ပျက်စီးသောအရပ်တို့ကို တစ်ဖန် တည်ဆောက်ဦးမည်ဟု ဆိုရာတွင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည်တည်ဆောက်သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရား အစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ၍ သမုတ်ကြလိမ့်မည်။