Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 1:15

Judson Bible

ရန်​သူ​သည် ထို​သူ​အ​ပေါင်း​တို့​ကို ငါး​မျှား​နှင့် မျှား​လျက်၊ ကွန်​နှင့်​အုပ်​လျက်၊ ပိုက်​နှင့်​လှောင်​လျက် ဝမ်း​မြောက်​ရွှင်​လန်း​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ချုံ​ထဲ​မှာ​နေ​သော ခြင်္သေ့​ကဲ့​သို့ ကွယ်​ရာ​အ​ရပ်၌ ပုန်း၍​နေ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ဖမ်း​ဆီး​ခြင်း​ငှာ ပုန်း​ကွယ်၍ နေ​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ကွန်​ရွက်​ထဲ​သို့​ဆွဲ၍ ဖမ်း​ဆီး​တတ်​ပါ၏။

တံ​ငါ​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ မြစ်၌ ငါး​မျှား​ကို​ချ​သ​မျှ​သော​သူ​တို့​သည် မြည်​တမ်း၍ ရေ​ပေါ်​မှာ ပိုက်​ကွန်​ကို ဖြန့်​တတ်​သော သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် တံ​ငါ​အ​များ​တို့​ကို စေ​လွှတ်၍၊ ဤ​လူ​မျိုး​ကို မျှား​စေ​မည်။ ထို​နောက်၊ မု​ဆိုး​အ​များ​တို့​ကို စေ​လွှတ်၍၊ ခပ်​သိမ်း​သော တောင်​ကြီး​တောင်​ငယ်၊ ချောက်​ကြား​တို့၌ ရှာ​စေ​မည်။

ဝပ်​လျက်​နေ​သော မု​ဆိုး​ကဲ့​သို့ ချောင်း​မြောင်း​သော လူ​ဆိုး​တို့​သည် ငါ၏​လူ​တို့​တွင်​ရှိ​ကြ၏။ လူ​တို့​ကို​ထောင်​ခြင်း​ငှာ ထောင်​ချောက်​ကို​ထား​ကြ​ပြီ။

ငါ့​အ​မွေ​ကို​ဖျက်​ဆီး​သော​သူ​တို့၊ သင်​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပြီ။ ကျက်​စား​သော​နွား​မ​ကဲ့​သို့ ခုန်​ကြ​ပြီ။ မြင်း​ထီး​ကဲ့​သို့ ဟီ​ကြ​ပြီ။

သင်​သည် ဣ​သ​ရေ​လ​ပြည်​ကို မ​နာ​လို​သော​စိတ်​အား​ကြီး​လျက် လက်​ခုပ်​တီး​ခြင်း၊ ခြေ​နှင့်​ဆောင့်​ခြင်း​ကို ဝမ်း​မြောက်​စွာ ပြု​သော​ကြောင့်၊

အ​ချင်း​လူ​သား၊ တု​ရု​မြို့​က၊ အေ့​ဟေ၊ တိုင်း​နိုင်​ငံ​တို့၏​တံ​ခါး​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​သည် ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​မြို့​ဆိတ်​ညံ​သော​ကြောင့် ငါ​စည်​ပင်​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​မွေ​မြေ​ပျက်​စီး​သည်​ကို သင်​သည် ဝမ်း​မြောက်​သော​ကြောင့်၊ ထို​အ​တူ သင်၌​ငါ​ပြု​မည်။ အို စိ​ရ​တောင်၊ သင်​နှင့်​တ​ကွ ဧ​ဒုံ​ပြည်​သည် အ​ကုန်​အ​စင်​ပျက်​စီး၍ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သန့်​ရှင်း​ခြင်း ပါ​ရ​မီ​တော်​ကို တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​ကို ငါး​မျှား​နှင့်​လည်း​ကောင်း၊ သင်​တို့​သား​မြေး​တို့​ကို ပိုက်​ကွန်​နှင့်​လည်း​ကောင်း ဖမ်း​ဆီး​ယူ​သွား​ရ​သော​ကာ​လ ရောက်​လိမ့်​မည်။

လူ​သ​တ္တ​ဝါ​တို့​ကို​လည်း ပင်​လယ်​ငါး​ကဲ့​သို့​လည်း​ကောင်း၊ မင်း​မ​ရှိ​သော ပိုး​ကောင်​ကဲ့​သို့​လည်း​ကောင်း အ​ဘယ်​ကြောင့် ဖြစ်​စေ​တော်​မူ​သ​နည်း။

ထို​မှ​တစ်​ပါး၊ စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​သော​သူ​သည် သ​စ္စာ​ပျက်​တတ်၏။ မာ​န​ထောင်​လွှား​သော​သူ​သည် ကိုယ်​နေ​ရာ၌ မ​နေ​နိုင်​ဘဲ၊ မိ​မိ​လော​ဘ​ကို မ​ရ​ဏ​နိုင်​ငံ​ကဲ့​သို့ ကျယ်​စေ​လျက်၊ သေ​မင်း​ကဲ့​သို့ မ​ပြေ​နိုင်​သော စိတ်​ရှိ​လျက်၊ တိုင်း​သူ​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို မိ​မိ​ထံ​သို့​ဆွဲ​ငင်၍ စု​ဝေး​စေ၏။

လမ်း၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ နိုင်​ငံ​တော်၏ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​မ​သွင်း​သည် ရှိ​သော်၊ နတ်​ဆိုး​လာ၍ နှ​လုံး၌​ကြဲ​သော​အ​စေ့​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-

ရှေ့​ဦး​စွာ​ရ​သော​ငါး​ကို ယူ၍ ပါး​စပ်​ကို​ဖွင့်​လျှင်၊ သ​တာ​တဲ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ၍ ငါ့​အ​ဖို့​နှင့် သင့်​အ​ဖို့ ထို​သူ​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။

မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တို့​သည် ထို​အ​လောင်း​ကောင်​တို့​ကို မြင်​သော​အ​ခါ၊ ဝမ်း​မြောက်၍ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​လိမ့်​မည်။ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က ထို​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည် မြေ​ကြီး​ပေါ်​မှာ နေ​သော​သူ​တို့​ကို ပြင်း​စွာ နှောင့်​ယှက်​ညှဥ်း​ဆဲ​ကြ​သည်​ဟု ငါ့​အား ပြော​ဆို​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ