Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 1:13

Judson Bible

ကိုယ်​တော်​သည် ဒု​စ​ရိုက်​ကို ကြည့်​ရှု​တော်​မ​မူ။ သန့်​ရှင်း​သော မျက်​စိ​ရှိ​တော်​မူ၏။ အ​ဓ​မ္မ​အ​မှု​ကို ကြည့်​ရှု၍ နေ​တော်​မ​မူ​တတ်​ပါ။ သို့​ဖြစ်၍၊ သ​စ္စာ​ပျက်​သော​သူ​တို့​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု၍ နေ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ထက်​ဖြောင့်​မတ်​သော​သူ​ကို ကိုက်​စား​သော​အ​ခါ၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​တော်​မူ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

ထို​မျှ​မ​က လူ​ဆိုး​တို့​သည် ဖြောင့်​မတ်​သော​သူ​ကို သူ၏​အိမ်​အ​တွင်း အိပ်​ရာ​ပေါ်​မှာ​သတ်​လျှင်၊ သာ၍ ပြု​သင့်​သည်​မ​ဟုတ်​လော။ ယ​ခု​ပင် သူ၏​အ​သွေး​ကို သင်​တို့၌ ငါ​တောင်း၍ သင်​တို့​ကို​မြေ​ကြီး​ပေါ်​က ပယ်​ရှား​သင့်​သည် မ​ဟုတ်​လော​ဟု ဗေ​ရော​သိ​အ​မျိုး၊ ရိ​မ္မုန်၏​သား ရေ​ခပ်​နှင့် ညီ​ဗာ​နာ​အား ဆို​ပြီး​လျှင်၊

သူ​သည် မိ​မိ​ထက်​သာ၍ ဖြောင့်​မတ်​ကောင်း​မြတ်​သော​သူ၊ ဣ​သ​ရေ​လ​ဗိုလ်​ချုပ် နေ​ရ၏​သား​အာ​ဗ​နာ​နှင့် ယု​ဒ​ဗိုလ်​ချုပ် ယေ​သာ၏​သား​အာ​မ​သ​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​မ​သိ​ဘဲ​တိုက်၍ ဓား​နှင့်​သတ်​သော​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​တော်​မူ​မည်။

ယ​ခု​ကာ​လ သင်​သည် တိတ်​ဆိတ်​စွာ​နေ​လျှင်၊ သင်​နှင့်​သင်၏ အ​ဆွေ​အ​မျိုး​သည် ပျက်​စီး၍၊ ယု​ဒ​လူ​တို့ အ​သက်​ရှင်​ခြင်း၊ ကယ်​တင်​ခြင်း​အ​ကြောင်း တစ်​စုံ​တစ်​ခု ပေါ်​လိမ့်​မည်။ ယ​ခု​အ​မှု​ကို​ဆောင်​ဖို့​ရာ သင်​သည် မိ​ဖု​ရား​အ​ရာ​ကို​ရ​သည်​ဟု ထင်​စ​ရာ​ရှိ​သည်​မ​ဟုတ်​လော​ဟု ဧ​သ​တာ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်၏။

ဘု​ရား​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​တို့​ကို​ပင် ယုံ​တော်​မ​မူ။ ကောင်း​ကင်​ဘုံ​သော်​လည်း ရှေ့​တော်၌ မ​စင်​ကြယ်။

လူ​ဆိုး​တို့​သည် အ​သက်​ရှင်​ရုံ​မျှ​မ​က၊ အ​ဘယ်​ကြောင့် အ​သက်​ကြီး၍ ဘုန်း​စည်း​စိမ်​နှင့် ပြည့်​စုံ​ကြ​သ​နည်း။

သို့​ရာ​တွင် ရဲ​ရင့်​စွာ ခို​လှုံ​ရာ​အ​ခွင့်​ကို သူ့​အား​ပေး၍၊ ထို​သို့​သော သူ​တို့၏​အ​မှု​များ​ကို ပ​မာ​ဏ​ပြု​တော်​မူ၏။

မ​တ​ရား​သ​ဖြင့်​ပြု၍ ဆိုး​သော​သူ၏ လက်​ရုံး​ကို ချိုး​တော်​မူ​ပါ။ သူ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို အ​ကုန်​အ​စင် စစ်​တော်​မူ​ပါ။

သန့်​ရှင်း​သော​သူ​အား သန့်​ရှင်း​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဆန့်​ကျင်​သော​သူ​အား ဆန့်​ကျင်​သော​သ​ဘော​ကို​လည်း​ကောင်း ပြ​တော်​မူ၏။

အ​ကယ်​စင်​စစ် ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ကြ​ပါ။ အ​ကြောင်း​မ​ရှိ​ဘဲ သ​စ္စာ​ကို​ဖျက်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​ကြည့်​ရှု၍ နေ​တော်​မူ​မည်​နည်း။ အ​ကျွန်ုပ်​အ​သက်​ကို သူ​တို့​ပြု​သော ဘေး​ဥ​ပဒ်​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ချစ်​ဆုံး​ကို ခြင်္သေ့​တို့​မှ​လည်း​ကောင်း ကယ်​လွှတ်​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​မြင်​တော်​မူ၏။ အို​ဘု​ရား​ရှင်၊ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။

အဲ၊ ငါ​တို့​အ​လို​ပြည့်​စုံ​ပြီ​ဟု မ​အောက်​မေ့​ကြ​ပါ​စေ​နှင့်။ ငါ​တို့​သည် သူ့​ကို​မျို​ပြီ​ဟု၊ မ​ပြော​ကြ​ပါ​စေ​နှင့်။

ထို​သို့​ကျင့်၍ ငါ​သည်​တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ ငါ့​ကို သင်​နှင့်​တူ​သည်​ဟု ထင်​လေ​ပြီ​တ​ကား။ သင်၏​အ​ပြစ်​ကို ငါ​ဖော်​ပြ၍၊ သင့်​မျက်​မှောက်၌ ခင်း​ထား​မည်။

ငါ​တို့၏ ဘု​ရား​သ​ခင် ကြွ​လာ​တော်​မူ၏။ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ။ ရှေ့​တော်၌​မီး​လောင်​လျက် ပတ်​ဝန်း​ကျင်၌ မိုး​သက်​မုန်​တိုင်း ပြင်း​ပြ​လျက်​ရှိ၏။

အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ​တို့၏ စည်း​စိမ်​ကို​မြင်​သော​အ​ခါ၊ မိုက်​သော​သူ​တို့​ကို​ပင် ငါ​ငြူ​စူ​မိ​ပြီ။

အို​ဘု​ရား​သ​ခင်၊ တိတ်​ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။ အို ဘု​ရား​သ​ခင်၊ အ​မိန့်​တော်​မ​ရှိ​ဘဲ ငြိမ်​ဝပ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။

ကြောက်​မက်​ဖွယ်​သော ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ၏။ လု​ယူ​တတ်​သော​သူ​သည် လု​ယူ၏။ ဖျက်​ဆီး​တတ်​သော​သူ​သည် ဖျက်​ဆီး၏။ ဧ​လံ​ပြည်​သား​တို့၊ တက်​သွား​ကြ​လော့။ မေ​ဒိ​ပြည်​သား​တို့၊ မြို့​ကို ဝိုင်း​ထား​ကြ​လော့။ ထို​မြို့​ကြောင့်၊ သူ​တစ်​ပါး ညည်း​တွား​ခြင်း​ရှိ​သ​မျှ​ကို ငါ​ငြိမ်း​စေ၏။

သန့်​ရှင်း​တော်​မူ​သော​သူ​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု မြေ​ကြီး​စွန်း​မှ သီ​ချင်း​ဆို​သံ​ကို ငါ​တို့​သည်​ကြား​ရ၏။ ငါ​မူ​ကား၊ အ​လွန်​ဆင်း​ရဲ၏။ အ​လွန်​ဆင်း​ရဲ၏။ အ​မင်္ဂ​လာ​ရှိ၏။ လု​ယက်​သော​သူ​တို့​သည် လု​ယက်​လျက်​နေ​ကြ၏။ လု​ယက်​သော​သူ​တို့​သည် ကြမ်း​တမ်း​စွာ လု​ယက်​ကြ၏။

သူ​တစ်​ပါး လု​ယူ​ခြင်း​ကို​မ​ခံ​ဘဲ​လျက်၊ လု​ယူ​တတ်​သော​သူ၊ သူ​တစ်​ပါး​ဖျက်​ဆီး​ခြင်း​ကို မ​ခံ​ဘဲ​လျက်၊ ဖျက်​ဆီး​တတ်​သော​သူ၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ သင်​သည် မ​လု​မ​ယူ​ဘဲ နေ​သော​အ​ခါ လု​ယူ​ခြင်း​ကို ခံ​ရ​မည်။ ဖျက်​ဆီး၍ မော​သော​အ​ခါ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​မှု​တို့​ကို သည်း​ခံ​တော်​မူ​မည်​လော၊ အောင့်​လျက်​နေ၍ အ​ကျွန်ုပ်​တို့​ကို အ​လွန်​ဆင်း​ရဲ​စေ​တော်​မူ​မည်​လော။

သူ​တစ်​ပါး​ကို မ​တ​ရား​သ​ဖြင့် ရှုံး​စေ​ခြင်း​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မ​မူ။

လူ​သ​တ္တ​ဝါ​တို့​ကို​လည်း ပင်​လယ်​ငါး​ကဲ့​သို့​လည်း​ကောင်း၊ မင်း​မ​ရှိ​သော ပိုး​ကောင်​ကဲ့​သို့​လည်း​ကောင်း အ​ဘယ်​ကြောင့် ဖြစ်​စေ​တော်​မူ​သ​နည်း။

တစ်​ယောက်​ကို​တစ်​ယောက် အ​ဘယ်​သူ​မျှ မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်။ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​နှစ်​သက်​ကြ​နှင့်။ ထို​သို့​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို ငါ​မုန်း​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်​ပြ​ဌာန်း​တော်​မူ​သော အ​လို​တော်​အား​ဖြင့်​လည်း​ကောင်း၊ အ​နာ​ဂ​တံ​သ ဉာဏ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ အပ်​နှံ​ခြင်း​ကို​ခံ​သော ထို​ယေ​ရှု​ကို သင်​တို့​သည် ဖမ်း​ဆီး၍ မ​တ​ရား​သော​သူ​တို့​လက်​ဖြင့် လက်​ဝါး​ကပ်​တိုင်၌ ရိုက်၍ ကွပ်​မျက်​ကြ​ပြီ။-

မိ​မိ​သ​ခင်​ထံ​က​ပြေး၍ သင့်​ထံ​သို့​ရောက်​သော ကျွန်​ကို သ​ခင်၌​မ​အပ်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ