Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟ္ဂဲ 2:3

Judson Bible

ဤ​အိမ်​တော်​သည် ရှေး​ဘုန်း​နှင့် ပြည့်​စုံ​သည်​ကို မြင်​ဖူး၍ သင်​တို့​တွင် ကျန်​ကြွင်း​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ယ​ခု​အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း။ နှိုင်း​ယှဉ်​လျှင် သင်​တို့​မျက်​မှောက်၌ အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က​လည်း၊ ငါ့​သား​ရှော​လ​မုန်​သည် အ​သက်​ငယ်၍ နု​သေး၏။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တည်​ရ​သော​အိမ်​မူ​ကား အ​လွန်​ထူး​ဆန်း​သော​အိမ်၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌ ဘုန်း​အ​သ​ရေ​ကျော်​စော​သော​အိမ် ဖြစ်​ရ​မည်။ ယ​ခု​ပင် အိမ်​တော်​အ​ဖို့ ငါ​ပြင်​ဆင်​မည်​ဟု အ​ကြံ​ရှိ​လျက် အ​နိ​စ္စ​မ​ရောက်​မီ များ​စွာ​ပြင်​ဆင်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြ​တော်​မူ​သော က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​ပါ​သည်​ဟူ၍ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ အ​သံ​ပြိုင်၍ အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​ရ​သော​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။

သို့​ရာ​တွင် အ​သက်​ကြီး၍ အ​ရင်​ဗိ​မာန်​တော်​ကို မြင်​ဖူး​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ အ​ဆွေ​အ​မျိုး သူ​ကြီး​အ​များ​တို့​သည်၊ နောက်​ဗိ​မာန်​တော် တိုက်​မြစ်​ကျ​လျက်​ရှိ​သည်​ကို မြင်​သော​အ​ခါ၊ ကြီး​စွာ​သော​အ​သံ​နှင့် ငို​ကြွေး​ကြ၏။ လူ​အ​များ​တို့​သည်​လည်း ဝမ်း​မြောက်​သော​စိတ်​နှင့် ကြွေး​ကြော်​ကြ၏။

သန့်​ရှင်း​သော​မြို့​တော်​တို့​သည် တော​ဖြစ်​ကြ​ပါ​ပြီ။ ဇိ​အုန်​တောင်​လည်း တော​ဖြစ်​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​လည်း ပျက်​စီး​ပါ​ပြီ။

သူ​တို့၌ တင့်​တယ်​သော တန်​ဆာ​အား​ဖြင့် သူ​တို့​မာ​န​ကို တိုး​ပွား​စေ၍၊ သူ​တို့၌ စက်​ဆုပ်​ဖွယ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း​ကောင်း၊ ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့​ကို​လည်း​ကောင်း လုပ်​ကြ​သော​ကြောင့်၊ ထို​တန်​ဆာ​ကို ညစ်​ညူး​သော​အ​ရာ ဖြစ်​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။

နောက်​တည်​သော ဤ​အိမ်​တော်​သည် အ​ရင်​အိမ်​တော်​ထက် ဘုန်း​သာ၍ ကြီး​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​အ​ရပ်၌​လည်း ငြိမ်​သက်​ခြင်း​ကို ငါ​ပေး​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ