သတ္တမလ နှစ်ဆယ်တစ်ရက်နေ့တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာ၍၊
ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဋ္ဌမလ တစ်ရက်နေ့တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှုဆီသို့ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ၍၊
ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဋ္ဌမလ နှစ်ဆယ်လေးရက်နေ့တွင်၊ သူတို့သည် လာ၍ မိမိတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အိမ်တော်၌ အလုပ်လုပ်ကြ၏။
ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ နဝမလနှစ်ဆယ် လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာလျက်၊
ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့တစ်ဖန်ရောက်လာ၍၊
အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။