Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟ္ဂဲ 1:11

Judson Bible

မြေ​ပေါ်၌​လည်း​ကောင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ဆန်​စ​ပါး၊ ချို​သော​စ​ပျစ်​ရည်၊ ဆီ​အ​ပေါ်၌​လည်း​ကောင်း၊ မြေ​ထဲ​က​ထွက်​သ​မျှ အ​ပေါ်၌​လည်း​ကောင်း၊ လူ​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန် အ​ပေါ်၌​လည်း​ကောင်း၊ လုပ်​ဆောင်​သ​မျှ​အ​ပေါ်၌​လည်း​ကောင်း၊ သွေ့​ခြောက်​ခြင်း​ဘေး​ကို ငါ​မှာ​လိုက်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။

တစ်​ဖန် ဧ​လိ​ရှဲ​သည် အ​ထက်​က အ​သက်​ရှင်​စေ​သော သူ​ငယ်၏​အ​မိ​ကို​ခေါ်၍၊ သင်​သည် အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ထ​သွား​လော့။ တည်း​ခို၍​နေ​နိုင်​သော​အ​ရပ် တစ်​စုံ​တစ်​ရပ်၌ တည်း​ခို၍​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​စာ​ခေါင်း​ပါး​ရာ​ကာ​လ​ကို မှာ​လိုက်​တော်​မူ​ပြီ။ တစ်​ပြည်​လုံး၌ ခု​နစ်​နှစ်​ခေါင်း​ပါး​လိမ့်​မည်​ဟု သ​တိ​ပေး၏။

ဘု​ရား​သ​ခင်​သည် ချမ်း​သာ​ပေး​တော်​မူ​လျှင် အ​ဘယ်​သူ​နှောင့်​ယှက်​နိုင်​သ​နည်း။ မျက်​နှာ​လွှဲ​တော်​မူ​လျှင် လူ​တစ်​မျိုး​လုံး​ဖြစ်​စေ၊ တစ်​ယောက်​တည်း​ဖြစ်​စေ၊ အ​ဘယ်​သူ​သည် မျက်​နှာ​တော်​ကို ဖူး​မြင်​နိုင်​သ​နည်း။

ယု​ဒ​ပြည်​သည်​ညည်း​တွား၏။ မြို့​တံ​ခါး​တို့၌ မြည်​တမ်း​သော အ​သံ​ရှိ၏။ နက်​သော​အ​ဝတ်​ကို မြေ​တိုင်​အောင်​ဝတ်၍၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏​ငို​ကြွေး​ခြင်း​အ​သံ​သည် တက်​လေ၏။

အ​ကျွန်ုပ် ညည်း​တွား​သံ​ကို​ကြား​သော​သူ​တို့​တွင်၊ နှစ်​သိမ့်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်၌ ရောက်​သော​အ​မှု​ကို အ​ကျွန်ုပ်၏ ရန်​သူ​အ​ပေါင်း​တို့​သည် ကြား​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သည်​ကို ဝမ်း​မြောက်​ကြ​ပါ၏။ ကိုယ်​တော်​ချိန်း​ချက်​သော နေ့​ရက်​ကို ရောက်​စေ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် အ​ကျွန်ုပ်​ကဲ့​သို့​ပင် ဖြစ်​ကြ​ပါ​စေ​သော။

ခိ​မ​ကြယ်​စု​နှင့် ခ​သိ​လ​ကြယ်​ကို ဖန်​ဆင်း​ထ​သော၊ သေ​မင်း​အ​ရိပ်​ကို နံ​နက်​အ​လင်း ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​အ​လင်း​ကို ည​အ​မိုက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ထ​သော၊ ပင်​လယ်​ရေ​ကို​ခေါ်၍ မြေ​ပေါ်​မှာ သွန်း​လောင်း​ထ​သော၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​ထ​သော၊

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မီး​ဖြင့် ဒဏ်​ပေး​ခြင်း​ငှာ မီး​ကို​ခေါ်​တော်​မူ၍၊ မ​ဟာ​သ​မု​ဒ္ဒ​ရာ​ကို မီး​လောင်​လေ၏။ ကုန်း​ကို​လည်း လောင်​လေ၏။

အ​ထက်​အ​ခန်း​တော်​တို့​ကို ကောင်း​ကင်၌​ဆောက်၍၊ အောက်​တိုက်​တော်​ကို မြေ​ကြီး​ပေါ်​မှာ တည်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​ရေ​ကို​ခေါ်၍ မြေ​ကြီး​ပြင်၌ သွန်း​လောင်း​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

သင်​တို့ လုပ်​ဆောင်​သ​မျှ​တို့​တွင် လေ​ထိ၍​အ​ပင်​သေ​ဘေး၊ အ​ရည်​ယို၍ သေ​ဘေး၊ မိုး​သီး​ဘေး​ဖြင့် ငါ​သည် ဒဏ်​ခတ်​ခဲ့​ပြီ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

စ​ပါး​ကျီ၌ စ​ပါး​ရှိ​သ​လော။ မ​ရှိ။ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်၊ သံ​လွင်​ပင်​တို့​သည် အ​သီး​ကို မ​သီး​ကြ​သေး။ သို့​သော်​လည်း၊ ယ​နေ့​မှ​စ၍ သင်​တို့​ကို ငါ​ကောင်း​ချီး​ပေး​မည်​ဟု မိန့်​တော်​မူ​၏။

ကိုက်​စား​တတ်​သော အ​ကောင်​ကို သင်​တို့​အ​တွက် ငါ​ဆုံး​မ၍၊ သင်​တို့၏ မြေ​အ​သီး​အ​နှံ​ကို မ​ဖျက်​ဆီး​ရ။ သင်​တို့၏​စ​ပျစ်​ဥ​ယျာဉ်​သည် အ​သီး​မ​သီး​ဘဲ မ​နေ​ရ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​သည် ကျိန်​ခြင်း​အ​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို တူ​လာ၊ ဖျား​နာ၊ ဒ​လ​ခက်​နာ၊ ခ​ရ​ခ​ရ​နာ​ဖြင့်​လည်း​ကောင်း၊ ဓား​ဘေး၊ လေ​ထိ၍​အ​ပင်​သေ​ဘေး၊ အ​ရည်​ယို၍ အ​ပင်​သေ​ဘေး​ဖြင့်​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ၍၊ သင်​သည်​မ​ပျက်​စီး​မီ​တိုင်​အောင် ထို​ဘေး​တို့​သည် လိုက်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ