Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 9:3

Judson Bible

ကိုယ်​တော်​သည် အ​မျိုး​သား​တို့​ကို များ​ပြား​စေ၍၊ သူ​တို့၏​ဝမ်း​မြောက်​ခြင်း​ကို တိုး​ပွား​စေ​တော်​မူ၏။ စ​ပါး​ကို​စု​သိမ်း​ရာ​ကာ​လ၌ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ​သော​သူ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

38 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သား​မြေး​တို့​ကို မိုး​ကောင်း​ကင်​ကြယ်​ကဲ့​သို့ များ​ပြား​စေ​တော်​မူ၏။ အ​ကြင်​ပြည်​ထဲ​သို့ သူ​တို့​ဝင်၍ သိမ်း​ယူ​မည်​အ​ကြောင်း၊ သူ​တို့၏ ဘိုး​ဘေး​တို့​အား က​တိ​ထား​တော်​မူ၏။ ထို​ပြည်​ထဲ​သို့ သွင်း​တော်​မူ​သ​ဖြင့်၊

တိုင်း​နိုင်​ငံ​တို့​ကို ချီး​မြှောက်၍ တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။ တိုင်း​နိုင်​ငံ​တို့​ကို ကျယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ကျဉ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။

ကောင်း​ချီး​ပေး​တော်​မူ၍၊ သူ​တို့​သည် အ​လွန်​ပွား​များ​ကြ၏။ သူ​တို့​သိုး​နွား​များ​ကို​လည်း လျော့​စေ​တော်​မ​မူ။

လက်​ရ​ဥ​စ္စာ​များ​ကို​တွေ့​သ​ကဲ့​သို့ ဗျာ​ဒိတ်​တော်​စ​ကား​ကြောင့် အ​ကျွန်ုပ်​ဝမ်း​မြောက်​ပါ၏။

သူ​တို့၌ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ပေါ​များ၍၊ သူ​တို့​ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက် အ​ကျွန်ုပ်​ကို​သာ၍ ဝမ်း​မြောက်​စေ​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ရ​ဘ​ကျောက်​နား​မှာ မိ​ဒျန်​အ​မျိုး​သား​တို့​ကို ဒဏ်​ခတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကို လှံ​တံ​တော်​နှင့် မိုး​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​မင်း​အ​ဖို့ ဘေး​ဥ​ပဒ်​ကို​ပြင်​ဆင်၍၊ အဲ​ဂု​တ္ထု​လက်​ထက်၌​ကဲ့​သို့ တစ်​ဖန်​လှံ​တံ​တော်​ကို ချီ​တော်​မူ​မည်။

ထို​ကာ​လ၌ သင်​မြွက်​ဆို​ရ​မည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်​ကို အ​မျက်​ထွက်​တော်​မူ​သော်​လည်း၊ တစ်​ဖန်​အ​မျက်​တော်​ငြိမ်း၍၊ အ​ကျွန်ုပ်​ကို နှစ်​သိမ့်​စေ​တော်​မူ၏။

လူ​သ​တ္တ​ဝါ​တို့​ကို အ​မျက်​ထွက်၍၊ အ​စဉ်​မ​ပြတ် ရိုက်​ခြင်း၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို မာ​န​စိတ်​နှင့် အုပ်​စိုး၍၊ အ​စဉ်​မ​ပြတ် ညှဉ်း​ဆဲ​ခြင်း​ကို​ပြု​သော အ​ဓ​မ္မ​လူ​တို့၏ တောင်​ဝှေး​ကို​လည်း​ကောင်း၊

ထို​ကာ​လ၌ ကြည့်​ရှု​လော့။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော၊ ငါ​တို့၏​ဘု​ရား​သ​ခင်​တည်း။ ငါ​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော ထာ​ဝ​ရ​ဘု​ရား​တည်း။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကြောင့်၊ ငါ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့​ဟု ဆို​ကြ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​သ​ဖြင့်၊ ဘုန်း​ကြီး​တော်​မူ၏။ ပြည်​တော်​ကို ပတ်​ဝန်း​ကျင်၌ ကျယ်​စေ​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​ကယ်​လွှတ်​တော်​မူ​သော သူ​တို့​သည် ပြန်​လာ၍၊ သီ​ချင်း​ဆို​လျက်၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း သ​ရ​ဖူ​ကို​ဆောင်း​လျက်၊ ဇိ​အုန်​မြို့​သို့​ရောက်​ကြ​လိမ့်​မည်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၍၊ ဝမ်းနည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​သည် ပြေး​သွား​ရ​လိမ့်​မည်။

အ​လွန်​ပွင့်​လန်း၍ ဝမ်း​မြောက်​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ မြူး​ထူး​လိမ့်​မည်။ လေ​ဗ​နုန်​တောင်၏ ဘုန်း​နှင့်​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ရှာ​ရုန်​အ​ရပ်​တို့၏ တင့်​တယ်​ခြင်း အ​သ​ရေ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။

သား​မ​ဖွား​သော အ​မြုံ​မ၊ ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​သေး​သော မိန်း​မ၊ ကြွေး​ကြော်​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ စွန့်​ထား​သော မိန်း​မ​သည် လင်​ရှိ​သော​မိန်း​မ​ထက် သာ၍​များ​သော​သား​တို့​ကို ဖွား​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သင်​တို့​သည် ဝမ်း​မြောက်​သော စိတ်​နှင့်​ထွက်၍၊ ချမ်း​သာ​စွာ​ပို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး တောင်​ငယ်​တို့​သည် သင်​တို့​ရှေ့​မှာ သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်၍၊ တော၌​ရှိ​သ​မျှ​သော အ​ပင်​တို့​သည် လက်​ခုပ်​တီး​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် ပေါင်း​သ​ရ​ဖူ​ကို ဆောင်း​သ​ကဲ့​သို့​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည် တန်​ဆာ​ဆင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။

သင်​တို့ အ​ရှက်​ကွဲ​ခြင်း​အ​ရာ၌ နှစ်​ဆ​သော​အ​ကျိုး​ကို​ခံ​ရ၍၊ အ​သ​ရေ​ပျက်​ခြင်း​အ​ရာ၌​လည်း၊ သူ​တို့​အ​ဖို့​ကို ခံ​စား​လျက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​မြေ၌ နှစ်​ဆ​သော​အ​ဖို့​ကို​အ​မွေ​ခံ​ရ၍၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။

ငါ၏​ကျွန်​တို့​သည် ရွှင်​လန်း​သော​စိတ်​နှင့် သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ဝမ်း​နည်း​သော​စိတ်​နှင့် ငို​ကြွေး​ကြ​လိမ့်​မည်။ ကြေ​ကွဲ​သော​နှ​လုံး​နှင့် ညည်း​တွား​မြည်​တမ်း​ကြ​လိမ့်​မည်။

ငါ​ဖန်​ဆင်း​လ​တ္တံ့​သော​အ​ရာ​ကြောင့်၊ သင်​တို့​သည် အ​စဉ်​အ​မြဲ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း၊ မြို့​သား​တို့​ကို ရွှင်​လန်း​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ ငါ​ဖန်​ဆင်း၏။

ယေ​ရု​ရှ​လင်​မြို့​ကို ချစ်​သော​သူ​အ​ပေါင်း​တို့၊ သူ​နှင့်​အ​တူ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​အ​တွက် စိတ်​မ​သာ​ညည်း​တွား​သော သူ​အ​ပေါင်း​တို့၊ သူ​နှင့်​အ​တူ အ​လွန်​ဝမ်း​မြောက်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယာ​ကုပ်​အ​မျိုး​အား၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ လူ​မျိုး​တို့၏​အ​ထွတ်၌ ကြွေး​ကြော်​ကြ​လော့။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​မျိုး​တည်း​ဟူ​သော၊ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကို​ကယ်​တင်​တော်​မူ​ပြီ​ဟု မြွက်​ဆို​လျက် သ​တင်း​ကြား​လိုက်၍ ချီး​မွမ်း​ကြ​လော့။

သူ​တို့​သည် ဘုန်း​တိုး​ပွား​သည်​အ​တိုင်း ငါ့​ကို​ပြစ်​မှား​ကြ​ပြီ။ သို့​ဖြစ်၍၊ သူ​တို့၏​ဘုန်း​ကို ငါ​အ​ရှက်​ကွဲ​စေ​မည်။

အဲ​ဂု​တ္တု​ပြည်၌ အ​စေ​ကျွန်​ခံ​ရ​သော သင်​တို့​ကို​ငါ​လွှတ်၍ နုတ်​ဆောင်​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့၏​ထမ်း​ပိုး​ကြိုး​ကို ငါ​ဖြတ်၍ သင်​တို့​ကို​တည့်​မတ်​စေ​ပြီ။

သူ​တို့​ကို ငါ​နှိုး​ဆော်၍ စု​ဝေး​စေ​မည်။ သူ​တို့​သည် ငါ၏​ရွေး​နုတ်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ အ​ရင်​များ​ပြား​သ​ကဲ့​သို့ တစ်​ဖန် များ​ပြား​ကြ​လိမ့်​မည်။

ထို​ကာ​လ၌ လူ​မျိုး​အ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့​ဝင်​စား၍ ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။ သင့်​အ​လယ်၌ ငါ​နေ​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​ဆီ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​သိ​ရ​လိမ့်​မည်။

ထို​ကာ​လ၌ ဘာ​သာ​အ​သီး​အ​သီး​ကို ပြော​တတ်​သော လူ​အ​မျိုး​မျိုး​တို့​တွင် တစ်​ကျိပ်​သော လူ​တို့​သည် ယု​ဒ​လူ​ဖြစ်​သော သူ၏​အ​ဝတ်​စွန်း​ကို​ကိုင်​လျက်၊ ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​တို့​သည် ကြား​သိ၍၊ သင်​တို့​နှင့်​အ​တူ လိုက်​ပါ​မည်​ဟု ဆို​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် လာ၍ သူ့​ကို​အောင်​ပြီး​မှ၊ သူ​ကိုး​စား​သော လက်​နက်​စုံ​ကို​သိမ်း​ယူ၍ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို ခွဲ​ဝေ​လိမ့်​မည်။-

ထို​မြို့​သူ​မြို့​သား​တို့​သည် အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။

သ​ခင်​ဘု​ရား၌ အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။-

ထို​သ​ခင်​ကို သင်​တို့​သည် မ​မြင်​ဖူး​သော်​လည်း ချစ်​ကြ၏။ ယ​ခု​မှာ​လည်း မ​မြင်​ဘဲ​လျက်၊ ယုံ​ကြည်​သော​အား​ဖြင့် ဘုန်း​အ​သ​ရေ​နှင့် စပ်​ဆိုင်​သော၊ ပြော၍​မ​မီ​နိုင်​သော ရွှင်​လန်း​ခြင်း​စိတ်​နှင့် ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊-

အို​ရှင်​ဘု​ရင်​တို့ ကြား​ကြ​လော့။ အို​မင်း​သား​တို့ နား​ထောင်​ကြ​လော့။ ငါ​သီ​ချင်း​ဆို​မည်။ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​မည်။

လူ​သုံး​ရာ​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကြောင့်၊ တပ်​သား​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် တိုက်၍၊ ဇေ​ရ​ရတ်​အ​ရပ် ဗက်​ရှိ​တ္တ​မြို့​သို့​လည်း​ကောင်း၊ တ​ဗ္ဗတ်​မြို့​နား​မှာ အာ​ဗေ​လ​မ​ဟော​လ မြို့​နယ်​သို့​လည်း​ကောင်း ပြေး​ကြ၏။

မိ​ဒျန်​မင်း​ကြီး​ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ပြေး​သော​အ​ခါ၊ ဂိ​ဒေါင်​သည်​လိုက်၍ တပ်​ကို​ဖျက်​လေ၏။

လူ​က​လေး​သည် လမ်း​ပြ၍ ဒါ​ဝိဒ်​ရောက်​သော​အ​ခါ၊ ထို​လူ​များ​တို့​သည် ဖိ​လိ​တ္တိ​ပြည်​နှင့် ယု​ဒ​ပြည်​ထဲ​က​သိမ်း​ယူ​သော ဥ​စ္စာ​ပ​စ္စည်း​များ​အ​ပေါင်း​တို့​ကြောင့် စား​သောက်​လျက်၊ က​ခုန်​လျက် မြေ​တစ်​ပြင်​လုံး၌ အ​နှံ့​အ​ပြား​ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ