ထာဝရဘုရားသည်လည်း၊ ထိုသူတို့တစ်ဖက်၌ ရေဇိန်မင်း၏ရန်သူတို့ကို ချီးမြှောက်၍၊ ဧဖရိမ်အမျိုး၏ရန်သူတို့ကို ထစေတော်မူသဖြင့်၊
ဣသရေလရှင်ဘုရင် ပေကာလက်ထက်၊ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့နှင့်တကွ ဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိပြည်သားအပေါင်းတို့ကို လုပ်ကြံ၍၊ အာရှုရိပြည်သို့ သိမ်းသွား၏။
အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာသက်မြို့သို့စစ်ချီ၍ တိုက်ယူပြီးလျှင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်းသတ်၏။
ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထားလျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကိုခံရသော သူတို့အောက်မှာ လဲရကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏နေရာ ကြွယ်ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည် အမင်္ဂလာရှိ၏။
ထိုကြောင့်၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက်၊ သူတို့၌လက်တော်ကိုဆန့်၍ ဒဏ်ခတ်တော်မူသဖြင့်၊ တောင်တို့သည် တုန်လှုပ်၍၊ သူတို့၏အသေကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏။ သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ယုဒရှင်ဘုရင် ဩဇိသားဖြစ်သော၊ ယောသံ၏သားအာခတ်မင်းလက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်းနှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်းတို့သည်၊ ယေရုရှလင်မြို့ကို တိုက်ခြင်းငှာ ချီလာကြ၏။ သို့သော်လည်း၊ အကြံမမြောက်နိုင်ကြ။
ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့။