Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 9:1

Judson Bible

သို့​သော်​လည်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သော​ပြည်​သည် နောက်​မှ မှောင်​မိုက်​နှင့် ကင်း​လွတ်​လိမ့်​မည်။ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် နဿ​လိ​ခ​ရိုင်​ကို အ​ထက်​က ရှုတ်​ချ​တော်​မူ​သော်​လည်း၊ နောက်​တစ်​ဖန် အိုင်​နား​လျှောက်​သော​လမ်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ဂါ​လိ​လဲ​ပြည်​ကို ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ပေ​ကာ​လက်​ထက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သည်​လာ၍ ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့​နှင့်​တ​ကွ ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​ပြည်​သား​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား၏။

သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် ပု​လ​နှင့် ရှင်​ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​စိတ်​ကို နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊ နောက်​ရှင်​ဘု​ရင်​သည် ထို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဂေါ​ဇန်​မြစ်​နား၊ ဟေ​လ​မြို့၊ ဟာ​ဗော်​မြို့၊ ဟာ​ရ​မြို့​သို့ သိမ်း​သွား၍ ယ​နေ့​တိုင်​အောင်​နေ​ရာ​ချ​ထား၏။

အာ​သ​မင်း​ကြီး၏​စ​ကား​ကို ဗင်္ဟာ​ဒဒ်​သည် နား​ထောင်၍၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို စစ်​ချီ​စေ​ခြင်း​ငှာ၊ မိ​မိ​ဗိုလ်​များ​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​မိမ်​မြို့​မှ​စ၍၊ နဿ​လိ​ပြည်၌​ရှိ​သ​မျှ​သော ဘ​ဏ္ဍာ​မြို့​တို့​ကို လုပ်​ကြံ​ကြ၏။

အ​ထက်​သို့ မျှော်​သည်​ဖြစ်​စေ၊ မြေ​ကြီး​ကို ကြည့်​သည်​ဖြစ်​စေ၊ ဒု​က္ခ​ဆင်း​ရဲ​နှင့် မှောင်​မိုက်​အ​တိ​ရှိ​ပါ၏။ ထူ​ထပ်​သော​မှောင်​မိုက်​နှင့် တွေ့၍၊ အ​လင်း​ကွယ်​ပျောက်​ရာ​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ငါ​သည်​လည်း သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု၍၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။

ငါ​သည်​လည်း​အ​မျက်​ထွက်၍ သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု​သ​ဖြင့်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။

ထို​အ​ခါ မော​ရှေ၏​ကျမ်း​စာ​မှ​စ၍ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ၌ ကိုယ်​တော်​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော ကျမ်း​စာ​ချက်​အ​နက်​ကို ရှင်း​လင်း​စွာ ဖော်​ပြ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ