ဟေရှာယ 8:16Judson Bibleဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ်ထား၍၊ ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှာလည်းကောင်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ ထာဝရကုသိုလ်ကို သွင်းစေခြင်းငှာလည်းကောင်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်းသော အရပ်ဌာနကို လိမ်းစေခြင်းငှာလည်းကောင်း၊ သီတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဖို့နှင့် သင်၏ သန့်ရှင်းသောမြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏။
ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ ခြေရင်း၌ ပျပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဖက် ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဖက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏သက်သေ ဖြစ်သတည်းဟု ငါ့အားပြောဆို၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသော မန္နကိုလည်းကောင်း၊ ကျောက်ဖြူလက်ဖွဲ့ကိုလည်းကောင်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကိုလည်းကောင်း ထိုသူအား ငါပေးမည်။ ထိုကျောက်ကို ရသောသူမှတစ်ပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။