Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 8:1

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ကြီး​သော ကျောက်​သင်​ပုန်း​ကို​ယူ​ပြီး​လျှင်၊ အ​သော့​လု​ယက် မြန်​မြန်​ဖျက်​လော့​ဟု ဆို​လို​သော၊ မ​ဟေ​ရ​ရှာ​လ​လ​ဟာ​ရှ​ဗတ်​ဟူ​သော အ​က္ခ​ရာ​စာ​လုံး​ကို လူ​ဘာ​သာ​အား​ဖြင့် ရေး​ထား​လော့​ဟု ငါ့​အား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ယ​ခု​သွား၍ သူ​တို့​ရှေ့​မှာ​သင်​ပုန်း၌ ရေး​ထား​ရ​သော​အ​ချက်၊ နောင်​ကာ​လ အ​စဉ်​အ​ဆက်​တည်​စေ​ခြင်း​ငှာ၊ စာ​စီ၍ မှတ်​သား​ရ​သော အ​ချက်​ဟူ​မူ​ကား၊

ဤ​သက်​သေ​ခံ​ချက်​ကို ငါ့​တ​ပည့်​တို့​တွင် ထုပ်​ထား၍၊ ပ​ညတ်​တ​ရား​ကို တံ​ဆိပ်​ခတ်​လော့​ဟု မိန့်​တော်​မူ၏။

ထို​နောက်​မှ ငါ​သည် ပ​ရော​ဖက်​က​တော်​ကို ချဉ်း​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သား​ကို မ​ဟေ​ရ​ရှာ​လ​လ​ဟာ​ရှ​ဗတ်​ဟူ​သော အ​မည်​ဖြင့် မှည့်​လော့။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​အား ငါ​ပြော​သ​မျှ​သော စ​ကား​တို့​ကို ရေး​ထား​လော့။

သင်​သည် စာ​လိပ်​ကို​ယူ​ပြီး​လျှင်၊ ယော​ရှိ​မင်း​လက်​ထက်၌ သင့်​အား ငါ​ပြော​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်​အ​စ​ရှိ​သော ခပ်​သိမ်း​သော တိုင်း​ပြည်​တို့​ကို ငါ​ခြိမ်း​သ​မျှ​သော စ​ကား​အ​တိုင်း ရေး​ထား​လော့။

သင်​သည် အ​ခြား​သော​စာ​လိပ်​ကို​ယူ၍၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ်​မီး​ရှို့​သော အ​ရင်​စာ​လိပ်၌ ပါ​သ​မျှ​သော စ​ကား​ရင်း​အ​တိုင်း ရေး​ထား​လော့။

ထို​အ​ခါ ယေ​ရ​မိ​သည် အ​ခြား​သော​စာ​လိပ်​ကို​ယူ၍၊ နေ​ရိ​သား စာ​ရေး​ဗာ​ရုတ်​အား ပေး​သ​ဖြင့်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် မီး​ရှို့​သော​စာ၌ ပါ​သ​မျှ​သော စ​ကား​တို့​ကို ယေ​ရ​မိ​သည်​နှုတ်​မြွက်၍၊ ဗာ​ရုတ်​သည် ရေး​ထား၏။ အ​လား​တူ​သော စ​ကား​အ​များ​ကို​လည်း ထပ်၍​သွင်း​ရ၏။

ဤ​အ​ရာ၌ ပ​ညာ​ရှိ၏။ ဉာဏ်​ရှိ​သော​သူ​သည် သား​ရဲ၏​အ​ရေ​အ​တွက်​ကို ရေ​တွက်​စေ။ လူ၏ အ​ရေ​အ​တွက်​ဖြစ်၏။ ခြောက်​ရာ​ခြောက်​ဆယ်​ခြောက်​လည်း ဖြစ်၏။

မြို့​ရိုး​ဒု​ကို တိုင်း၍၊ လူ​အ​တောင်​ကဲ့​သို့​သော ကောင်း​ကင်​တ​မန် အ​တောင်​အား​ဖြင့်၊ တစ်​ရာ​လေး​ဆယ် လေး​တောင်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ