ပေါက်တူးနှင့် တူးဆွရာ တောင်ယာရှိသမျှတို့သည်၊ ဆူးပင်မျိုးကြောင့် အဘယ်သူမျှ မချဥ်းဝံ့သဖြင့်၊ နွားလွတ်၍ကျက်စားရာ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရကြလိမ့်မည်ဟု ဟောလေ၏။
အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည်ပိုင်၍၊ အဘယ်သူမျှမမောင်းဘဲ အိပ်ကြလိမ့်မည်။
ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်ဖူး၍ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြလိမ့်မည်။
သူတို့သည်လာ၍ လူဆိတ်ညံသောချိုင့်များ၊ ချောက်ကြား၊ တောအုံ၊ ကျက်စားရာများအပေါ်မှာ အကုန်အစင် နားကြလိမ့်မည်။
လေးနှင့် မြားကို ဆောင်လျက် ထိုအရပ်သို့သွားကြလိမ့်မည်။ မြေတစ်ပြင်လုံး၌ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။
ဣသရေလအမျိုးသည် ရုန်းတတ်သောနွားမပျိုကဲ့သို့ ဆန့်ကျင်ဘက်ပြုတတ်၏။ ယခုမှာ ထာဝရဘုရားသည် ကျယ်သောအရပ်၌ သိုးသငယ်ကို ထိန်းသကဲ့သို့၊ ဣသရေလအမျိုးကို ပြုတော်မူမည်။
ပင်လယ်ကမ်းနား အရပ်သည် ကျက်စားရာ၊ သိုးထိန်းမှီခိုရာ၊ သိုးခြံလုပ်စရာဖို့ ဖြစ်လိမ့်မည်။