Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 7:23

Judson Bible

ထို​အ​ခါ စ​ပျစ်​နွယ်​ပင်​တစ်​ထောင်​ရှိ၍၊ ငွေ​တစ်​ထောင် အ​ဖိုး​ထိုက်​သော စ​ပျစ်​ဥ​ယျာဉ်​တိုင်း၊ ဆူး​ပင်​မျိုး​သက်​သက် ဖြစ်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဆူး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း သင်​အ​ဖို့ မြေ​ပေါက်​စေ​မည်။ လယ်၌​ဖြစ်​သော ဟင်း​သီး​ဟင်း​ရွက်​တို့​ကို သင်​စား​ရ​မည်။

သ​တိ​မ​ရှိ​သော​မိန်း​မ​တို့၊ သင်​တို့​သည် တစ်​နှစ်​လွန်​မှ ပူ​ပန်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ စ​ပျစ်​သီး​ကို သိမ်း​ခြင်း​အ​မှု​ပြတ်​လိမ့်​မည်။ စ​ပါး​အ​သီး​အ​နှံ​ကို သိမ်း​ရာ​ကာ​လ​မ​ရောက်​ရ။

အ​ကြောင်း​မူ​ကား၊ စ​ပျစ်​ဥ​ယျာဉ်​တစ်​ပယ်​သည် စ​ပျစ်​ရည်​တစ်​ဗတ်​ကို​မျှ​သာ ဖြစ်​စေ​မည်။ မျိုး​စေ့​ကို​လည်း ကြဲ​သော​အ​ခါ၊ ဆယ်​ဖို့​တွင် တစ်​ဖို့​ကို​မျှ​သာ​ရ​ကြ​လိမ့်​မည်။

ဥ​ယျာဉ်​ကို ငါ​ရှင်း​ရှင်း​ဖျက်​ဆီး​မည်။ အ​ဘယ်​သူ​မျှ မ​ပြင်​ဆင်​ရ။ အ​ဘယ်​သူ​မျှ မ​တူး​ဆွ​ရ။ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥ​ယျာဉ်​အ​ပေါ်​မှာ​လည်း မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​ပ​ညတ်​မည်။

လေး​နှင့် မြား​ကို ဆောင်​လျက် ထို​အ​ရပ်​သို့​သွား​ကြ​လိမ့်​မည်။ မြေ​တစ်​ပြင်​လုံး၌ ဆူး​ပင်​မျိုး​သက်​သက် ဖြစ်​ရ​လိမ့်​မည်။

ငါ​ကြည့်​ရှု၍ ဝ​ပြော​သော​ပြည်​သည် တော​ဖြစ်​လေ​ပြီ။ မြို့​များ​တို့​သည် ပြို​ပျက်​လျက် ရှိ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ ပြင်း​စွာ​သော အ​မျက်​တော်​ရှေ့၌ ထို​သို့​သော​အ​ခြင်း​အ​ရာ​တို့​သည် ဖြစ်​ရ​ကြ၏။

လူ​နေ​သော မြို့​တို့​သည်​လည်း ပျက်​စီး၍၊ တစ်​ပြည်​လုံး ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။

ဤ​သည်​ကား၊ ငါ့​ရည်း​စား​ပေး​သော ဆု​လက်​ဆောင်​ဖြစ်​သည်​ဟု သူ​ဆို​ရာ စ​ပျစ်​ဥ​ယျာဉ်၊ သင်္ဘော​သ​ဖန်း​ဥ​ယျာဉ်​တို့​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍၊ လွင်​ပြင်​ဖြစ်​စေ​သ​ဖြင့် တော​သား​ရဲ​တို့​သည် ကိုက်​စား​ကြ​လိမ့်​မည်။

ပျက်​စီး​ရာ​ထဲ​က သူ​တို့​သည် ထွက်​သွား​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၌​စု၍ မင်​ဖိ​မြို့၌ သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ ငွေ​တန်​ဆာ​ဆင်​သော နေ​ရာ​ဘုံ​ဗိ​မာန်​များ​ကို ဆူး​အ​မျိုး​မျိုး​တို့​သည် လွှမ်း​မိုး​ကြ​လိမ့်​မည်။

အ​ခြား​သော ဥ​ပ​မာ​ကို​နား​ထောင်​ကြ​လော့။ အိမ်​ရှင်​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ​လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-

အ​ကြင်​မြေ​သည် ဆူး​ပင်​အ​မျိုး​မျိုး​ကို ဖြစ်​စေ​တတ်၏။ ထို​မြေ​သည် ပြု​စု​ခြင်း​ကို​မ​ခံ​ထိုက်။ ကျိန်​ခြင်း​ကို ခံ​ရ​သော အ​ချိန်​နီး​သည် ဖြစ်၍၊ နောက်​ဆုံး၌ မီး​ရှို့​ခြင်း​သို့ ရောက်​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ