Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 7:21

Judson Bible

ထို​ကာ​လ၌ လူ​သည် နွား​မ​က​လေး​တစ်​ကောင်၊ သိုး​ဆိတ်​နှစ်​ကောင်​ကို မွေး​စား​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အ​တိုင်း​ထက်​အ​လွန် ဆင်း​ရဲ​သော​သူ​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ဆင်း​ရဲ ငြို​ငြင်​သော​သူ​တို့​သည် ဘေး​လွတ်​လျက် အိပ်​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်၏​အ​မြစ်​ကို သွေ့​ခြောက်​ခြင်း​အား​ဖြင့် သတ်၍၊ သင်၏​အ​ကြွင်း​ကို​လည်း မြွေ​ဆိုး​သည် ကွပ်​မျက်​လိမ့်​မည်။

အာ​ရော်​မြို့​များ​ကို စွန့်​ပစ်​သော​ကြောင့်၊ သိုး​စု​တို့​သည်​ပိုင်၍၊ အ​ဘယ်​သူ​မျှ​မ​မောင်း​ဘဲ အိပ်​ကြ​လိမ့်​မည်။

သို့​သော်​လည်း၊ ခိုင်​ခံ့​သော​မြို့​သည်၊ ဆိတ်​ညံ​သော​အ​ရပ်၊ တော​ကဲ့​သို့​စွန့်၍ ပစ်​ထား​သော​နေ​ရာ ဖြစ်​လိမ့်​မည်။ ထို​အ​ရပ်၌ နွား​သ​ငယ်​သည် ကျက်​စား​လျက်၊ အိပ်​လျက်​နေ၍၊ အ​ညွန့်​များ​ကို ကိုက်​စား​လိမ့်​မည်။

တော​နှင့် လွင်​ပြင်​သည် ဝမ်း​မြောက်​လိမ့်​မည်။ ဆိတ်​ညံ​သော အ​ရပ်​သည်​လည်း ရွှင်​လန်း၍၊ နှင်း​ပွင့်​ကဲ့​သို့ အ​ပွင့်​ပွင့်​လိမ့်​မည်။

သင်​မှတ်​ရ​သော နိ​မိတ်​လ​က္ခ​ဏာ​ဟူ​မူ​ကား၊ ယ​ခု​နှစ်​တွင် အ​လို​လို​ကြီး​ရင့်​သော အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​နှစ်​တွင် ထို​အ​တူ ပေါက်​သော​အ​ရာ​များ​ကို​လည်း​ကောင်း သင်​တို့​သည်​စား​ရ​မည်။ တ​တိ​ယ​နှစ်​တွင် မျိုး​စေ့​ကို​ကြဲ၍ စ​ပါး​ကို ရိတ်​ကြ​လော့။ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း​စိုက်၍ အ​သီး​ကို စား​ကြ​လော့။

ထို​အ​ခါ သိုး​သ​ငယ်​တို့​သည် အ​လို​အ​လျောက် ကျက်​စား​ကြ​လိမ့်​မည်။ သူ​ဌေး​သူ​ကြွယ်​ပိုင်​ဖူး၍ လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌​လည်း ဧည့်​သည်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။

ပေါက်​တူး​နှင့် တူး​ဆွ​ရာ တောင်​ယာ​ရှိ​သ​မျှ​တို့​သည်၊ ဆူး​ပင်​မျိုး​ကြောင့် အ​ဘယ်​သူ​မျှ မ​ချဥ်း​ဝံ့​သ​ဖြင့်၊ နွား​လွတ်၍​ကျက်​စား​ရာ၊ သိုး​ဆိတ်​တို့ ကျော်​နင်း​ရာ​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ဟော​လေ၏။

သို့​ရာ​တွင်၊ ဥ​စ္စာ​အ​လျှင်း​မ​ရှိ​သော ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ယု​ဒ​ပြည်၌​ထား​ခဲ့၍၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် လယ်​ယာ​တို့​ကို ပေး​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ