Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 7:19

Judson Bible

သူ​တို့​သည်​လာ၍ လူ​ဆိတ်​ညံ​သော​ချိုင့်​များ၊ ချောက်​ကြား၊ တော​အုံ၊ ကျက်​စား​ရာ​များ​အ​ပေါ်​မှာ အ​ကုန်​အ​စင် နား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ ဗိုလ်​မင်း​များ​ကို စစ်​ချီ​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​နာ​ရှေ​ကို ဆူး​တော၌​ဖမ်း​မိ၍၊ သံ​ကြိုး​နှင့် ချည်​နှောင်​ပြီး​မှ၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ခြောက်​လှန့်​အံ့​သော​ငှာ​ထ​တော်​မူ​သော​အ​ခါ၊ ထို​ဘု​ရား​ကို ကြောက်​ခြင်း​အ​ရှိန်၊ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​အ​ရှိန်​ကြောင့် လူ​တို့​သည် ကျောက်​တွင်း၊ မြေ​တွင်း​ထဲ​သို့ ဝင်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ခြောက်​လှန့်​အံ့​သော​ငှာ ထ​တော်​မူ​သော​အ​ခါ၊ ထို​ဘု​ရား​ကို ကြောက်​ခြင်း​အ​ရှိန်၊ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​အ​ရှိန်​ကြောင့် ကျောက်​တွင်း၊ ချောက်​ကြား​ထဲ​သို့ ပြေး​ဝင်​ကြ​လိမ့်​မည်။

ဥ​ယျာဉ်​ကို ငါ​ရှင်း​ရှင်း​ဖျက်​ဆီး​မည်။ အ​ဘယ်​သူ​မျှ မ​ပြင်​ဆင်​ရ။ အ​ဘယ်​သူ​မျှ မ​တူး​ဆွ​ရ။ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥ​ယျာဉ်​အ​ပေါ်​မှာ​လည်း မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​ပ​ညတ်​မည်။

အ​မျိုး​မျိုး​သော ဆူး​ပင်​အ​ရာ၌ ထင်း​ရှူး​ပင်​နှင့် မု​ရ​တု​ပင်​တို့​သည် ပေါက်​ကြ​လိမ့်​မည်။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အောက်​မေ့​ဖို့​ရာ၊ မ​ပျောက်​မ​ပျက်​ရ​သော ထာ​ဝ​ရ​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။

လေး​နှင့် မြား​ကို ဆောင်​လျက် ထို​အ​ရပ်​သို့​သွား​ကြ​လိမ့်​မည်။ မြေ​တစ်​ပြင်​လုံး၌ ဆူး​ပင်​မျိုး​သက်​သက် ဖြစ်​ရ​လိမ့်​မည်။

ပေါက်​တူး​နှင့် တူး​ဆွ​ရာ တောင်​ယာ​ရှိ​သ​မျှ​တို့​သည်၊ ဆူး​ပင်​မျိုး​ကြောင့် အ​ဘယ်​သူ​မျှ မ​ချဥ်း​ဝံ့​သ​ဖြင့်၊ နွား​လွတ်၍​ကျက်​စား​ရာ၊ သိုး​ဆိတ်​တို့ ကျော်​နင်း​ရာ​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ဟော​လေ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် တံ​ငါ​အ​များ​တို့​ကို စေ​လွှတ်၍၊ ဤ​လူ​မျိုး​ကို မျှား​စေ​မည်။ ထို​နောက်၊ မု​ဆိုး​အ​များ​တို့​ကို စေ​လွှတ်၍၊ ခပ်​သိမ်း​သော တောင်​ကြီး​တောင်​ငယ်၊ ချောက်​ကြား​တို့၌ ရှာ​စေ​မည်။

မြွေ​ကဲ့​သို့ မြေ​မှုန့်​ကို​လျက်၍၊ တီ​ကဲ့​သို့​တွင်း​ထဲ​က တုန်​လှုပ်​လျက် ထွက်​ကြ​လိမ့်​မည်။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သင့်​ကို​လည်း​ကောင်း ကြောက်​ရွံ့​ကြ​လိမ့်​မည်။

သူ​တို့​ကို ငါ​နှိုး​ဆော်၍ စု​ဝေး​စေ​မည်။ သူ​တို့​သည် ငါ၏​ရွေး​နုတ်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ အ​ရင်​များ​ပြား​သ​ကဲ့​သို့ တစ်​ဖန် များ​ပြား​ကြ​လိမ့်​မည်။

ထို​သူ​တို့၏​အ​ကျင့်​ကို ထောက်၍ သူ​တို့၏​သ​ဘော​ကို သိ​ကြ​လိမ့်​မည်။ ဆူး​ပင်၌ စ​ပျစ်​သီး​ကို ဆွတ်​တတ်​သ​လော။ ဆူး​လေ​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို ဆွတ်​တတ်​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ