Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 66:3

Judson Bible

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

မ​တ​ရား​သော​သူ​ပူ​ဇော်​သော​ယဇ်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။ ထို​မျှ​မ​က၊ မ​တ​ရား​သော​စိတ်​နှင့် ပူ​ဇော်​လျှင် သာ၍​ဖြစ်၏။

ငါ​သည် တစ်​ပိုင်း​နှင့် မီး​မွှေးပြီး။ မုန့်​ကို​လည်း ထို​မီး​ခဲ​ပေါ်​မှာ ဖုတ်​လေ​ပြီ။ အ​မဲ​သား​ကို​လည်း ကင်၍ စား​လေ​ပြီ။ ကြွင်း​သော အ​ပိုင်း​ကို စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်​စေ​ရ​မည်​လော။ သစ်​သား​ရှေ့​မှာ ငါ​ပျပ်​ဝပ်​ရ​မည်​လော​ဟု စိတ်​နှ​လုံး​ထဲ​မှာ အောက်​မေ့​ဆင်​ခြင်​နိုင်​သော ဉာဏ်​ပ​ညာ အ​လျှင်း​မ​ရှိ​ပါ​တ​ကား။

ငါ​တို့​ရှိ​သ​မျှ​သည် သိုး​ကဲ့​သို့​လမ်း​လွဲ​လျက်၊ ကိုယ်​လမ်း​သို့ အ​သီး​အ​သီး လိုက်​သွား​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပြစ်​များ​ကို သူ့​အ​ပေါ်၌​တင်​တော်​မူ၏။

သူ၏ လော​ဘ​လွန်​ကျူး​ခြင်း​အ​ပြစ်​ကြောင့်၊ ငါ​သည် အ​မျက်​ထွက်၍ ဒဏ်​ခတ်​လေ၏။ အ​မျက်​ထွက်၍ မျက်​နှာ​ကို လွှဲ​လေ၏။ သူ​သည်​လည်း မိ​မိ​အ​လို​ရှိ​ရာ​လမ်း​သို့ လွှဲ​သွား​လေ၏။

သင်​တို့​ကို ငါ​ရေ​တွက်၍၊ ဓား၌​အပ်​မည်။ ရှိ​သ​မျှ​တို့​သည် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​အောင် ဦး​ချ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ​ခေါ်​သော​အ​ခါ မ​ထူး​ကြ။ ငါ​ပြော​သော​အ​ခါ နား​မ​ထောင်​ကြ။ ငါ့​မျက်​မှောက်၌ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​ကြ၏။ ငါ​မ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ​ကြ၏။

မိ​မိ​အ​လို​အ​တိုင်း မ​ကောင်း​သော​လမ်း​ကို​လိုက်၍၊ ငြင်း​ဆန်​တတ်​သော လူ​မျိုး​ကို မျက်​နှာ​ပြု​လျက်၊ တစ်​နေ့​လုံး ငါ​သည် ကိုယ်​လက်​ဝါး​ကို ဖြန့်​ရ​ပြီ။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဝက်​သား၊ ကြွက်​သား၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို​စား​လျက်၊ ဥ​ယျာဉ်​တို့​တွင် အ​လယ်၌​ရှိ​သော သူ​တစ်​ယောက်​နောက်​သို့ လိုက်၍၊ မိ​မိ​တို့​ကို သန့်​ရှင်း​စင်​ကြယ်​စေ​သော သူ​တို့​သည် တစ်​ပြိုင်​နက်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ သူ​တို့၏​အ​ကျင့်​တို့​ကို​လည်း​ကောင်း အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း ငါ​သိ၏။

ရှေ​ဘ​ပြည်​မှ လော​ဗန်​ကို​လည်း​ကောင်း၊ ဝေး​သော​ပြည်​မှ မွှေး​သော​ကြံ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​ဆောင်​ခဲ့​သ​နည်း။ သင်​တို့​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​အ​လို​မ​ရှိ။ ပူ​ဇော်​သော​ယဇ်​အ​မျိုး​မျိုး​ကို ငါ​မ​နှစ်​သက်။

အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆွန်း၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​ကို​ယူ၍၊ ထို​အ​တွက်​အ​တာ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ဟ​ဂ္ဂဲ​က​လည်း၊ ဤ​လူ​မျိုး၊ ဤ​ပြည်​သား​တို့​သည် ငါ့​မျက်​မှောက်၌ ထို​အ​တူ ဖြစ်​ကြ၏။ သူ​တို့​လုပ်​ဆောင်​သ​မျှ​သည်​လည်း ထို​အ​တူ​ဖြစ်၏။ ငါ့​ထံ​မှာ ပူ​ဇော်​သော​အ​ရာ​သည်​လည်း ညစ်​ညူး၏​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဝက်​သည် ခွာ​ကွဲ​ပြား​သော်​လည်း၊ စား​မြုံ့​မ​ပြန်​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။ အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​ကို​လည်း မ​ထိ​ရ။

ပြည့်​တန်​ဆာ​လုပ်၍ ရ​သော​ငွေ၊ ခွေး​ကို​ရောင်း၍ ရ​သော​ငွေ​ကို သ​စ္စာ​က​တိ​ပြေ​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ မ​သွင်း​ရ။ ထို​သို့​သော​ငွေ​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

သင်​တို့ ရွေး​ယူ​သော​ဘု​ရား​တို့​ကို သွား၍ ဟစ်​ကြော်​ကြ​လော့။ အ​မှု​ရောက်​သော ယ​ခု​ကာ​လ၌ သူ​တို့​သည် ကယ်​နုတ်​ကြ​စေ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ၏။

ထို​ကာ​လ၌ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ၊ လူ​တိုင်း မိ​မိ​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပြု​သ​တည်း။ တ​ရား​သူ​ကြီး မှတ်​စာ​ပြီး၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သစ်​တို့​ကို ရွေး​ယူ​ကြ၏။ ထို​အ​ခါ သူ​တို့​မြို့​များ​ကို ရန်​သူ​တို့​သည် တိုက်​လာ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား လေး​သောင်း​တွင် ဒိုင်း​လွှား​တစ်​ခု၊ လှံ​တစ်​စင်း​မျှ မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ