ဟေရှာယ 66:2Judson Bibleဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင် ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါတို့ ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံ့သောသူတို့ သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့သားသမီးများရှိသမျှကို စွန့်ပယ်မည်ဟု ငါတို့၏ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည်အတိုင်း စီရင်ကြကုန်အံ့။
အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။
အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွတ်အမြတ် ဖြစ်တော်မူသောဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲသော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှာ၊ ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကိုစည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊
ထာဝရဘုရား၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သောသူတို့၊ စကားတော်ကို နားထောင်ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့် နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည် သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း၊ ရှက်ကြောက်ကြလိမ့်မည်။