ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏အဝတ်နှင့် အဘယ်ကြောင့် တူပါသနည်း။
မိမိမြည်းကိုစပျစ်နွယ်ပင်၌လည်းကောင်း၊ မြည်းကလေးကိုအမြတ်ဆုံးသော စပျစ်နွယ်ပင်၌လည်းကောင်း ချည်နှောင်၍၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေးတည်းဟူသောစပျစ်ရည်ဖြင့် လျှော်လိမ့်မည်။
ဖြောင့်မတ်ခြင်း တရားတည်းဟူသော ရင်ကျပ်ကိုဝတ်ဆင်၍၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို ဆောင်းတော်မူ၏။ အပြစ်ပေးခြင်း အဝတ်ကိုလည်းကောင်း၊ စိတ်အားကြီးခြင်းဝတ်လုံကိုလည်းကောင်း ယူတင်ဝတ်ဆောင်တော်မူ၏။
တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှ လာသောဤသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှာ တန်ခိုးကြီးသော ငါပေတည်း။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည် သင့်ကိုလိုက်မည်။ အသက်သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။
ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကို ရိတ်ပြီးမှ၊ ဘုရားသခင်၏ အမျက်တော်တည်းဟူသော နယ်ရာတန်ဆာ ကြီးထဲသို့ ချလေ၏။-
အသွေး၌ နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။-
လူမျိုးတို့ကို ဒဏ်ခတ်စရာဖို့၊ ထက်သော သန်လျက်သည် ခံတွင်းတော်ထဲက ထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော် မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။-