ဟေရှာယ 56:3Judson Bibleထာဝရဘုရား၌ မှီဝဲသော တစ်ပါးအမျိုးသားက၊ ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးနှင့် ရှင်းရှင်းခွဲထားတော်မူပြီဟု မဆိုစေနှင့်။ မိန်းမလျှာကလည်း၊ ငါသည် သွေ့ခြောက်သောအပင်ဖြစ်သည်ဟု မဆိုစေနှင့်။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့် သင်နှင့် သင်၏သားတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင်ရွက်စရာအမှု ရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင်ရွက်ရကြမည်။ သင်တို့အားကျေးဇူးပြု၍ ယဇ်ပုရောဟိတ်အရာကို ငါပေးပြီ။ မဆိုင်သောသူသည် အနီးအပါးသို့ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
ယေရှုခရစ်၏တမန်တော် ငါပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖျန်းခြင်းကျေးဇူးကို ခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင်၏ အနာဂတံသဉာဏ်တော်အတိုင်း ရွေးကောက်တော်မူသော သူတည်းဟူသော၊ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များပြားပါစေသော။