Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 54:1

Judson Bible

သား​မ​ဖွား​သော အ​မြုံ​မ၊ ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​သေး​သော မိန်း​မ၊ ကြွေး​ကြော်​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ စွန့်​ထား​သော မိန်း​မ​သည် လင်​ရှိ​သော​မိန်း​မ​ထက် သာ၍​များ​သော​သား​တို့​ကို ဖွား​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

စာ​ရာ​က​လည်း၊ ငါ​ရယ်​ရ​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပြီ။ ဤ​သ​တင်း​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ငါ​နှင့်​အ​တူ ရယ်​ကြ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊

မြုံ​သော​မိန်း​မ​သည် အိမ်၌​နေ၍၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သား​ဖွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဟာ​လေ​လု​ယ။

ငါ​တို့၌ ညီ​မ​ငယ်​တစ်​ယောက်​ရှိ၏။ သူ​သည် သား​မြတ်​မ​ပေါ်​သေး။ ထို​ညီ​မ​ကို တောင်း​သော​အ​ခါ၌၊ သူ့​အ​ဖို့ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​သည် သင်၏​အ​လယ်၌ ဘုန်း​ကြီး​တော်​မူ၏​ဟု မြွက်​ဆို​ရ​လိမ့်​မည်။

ထို​သူ​တို့​သည် ကြွေး​ကြော်၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​သော​အ​သံ​နှင့် ပင်​လယ်​တစ်​ဖက်​မှ မြည်​ကြ​လိမ့်​မည်။

အို မိုး​ကောင်း​ကင်​တို့၊ သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ပြီ။ မြေ​ကြီး​အောက်​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။ တောင်​များ၊ တော​နှင့်​တ​ကွ သစ်​ပင်​များ​တို့၊ ကျူး​ဧ​သော​အ​သံ​ကို ပေး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​ကို ရွေး​နုတ်​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ပြီ။

အို မိုး​ကောင်း​ကင်​တို့၊ သီ​ချင်း​ဆို​ကြ​လော့။ အို မြေ​ကြီး၊ ဝမ်း​မြောက်​ခြင်း​ရှိ​လော့။ အို တောင်​များ​တို့၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို နှစ်​သိမ့်​စေ​တော်​မူ၏။ ဆင်း​ရဲ​ခံ​ရ​သော မိ​မိ​လူ​တို့​ကို ကယ်​မ​သ​နား​တော်​မူ၏။

သင်၌ သုတ်​သင်​ပယ်​ရှင်း​သော အ​ရပ်၊ ပျက်​စီး​သော​ပြည်​သည် နေ​သူ​များ​သော​ကြောင့် ကျဉ်း​ကြ​လိမ့်​မည်။ သင့်​ကို ကိုက်​စား​သော သူ​တို့​သည်​လည်း ဝေး​ကြ​လိမ့်​မည်။

သင်၏​သား​များ​ဆုံး​ပြီး​မှ၊ တစ်​ဖန်​ရ​ပြန်​သော​သား​တို့​က၊ နေ​ရာ​မ​လောက်​ပါ။ နေ​စ​ရာ​အ​ရပ်​ကို​ပေး​ပါ​ဟု သင့်​အား တောင်း​ကြ​လေ​ဦး​မည်။

သင့်​ကို၊ စွန့်​ပစ်​သော​သူ ဟူ၍​လည်း​ကောင်း၊ သင်၏​မြေ​ကို၊ လူ​ဆိတ်​ညံ​သော​မြေ​ဟူ၍​လည်း​ကောင်း နောက်​တစ်​ဖန် မ​ခေါ်​ရ။ သင်​သည် ငါ​နှစ်​သက်​သော​သူ၊ သင်၏​မြေ​သည် လက်​ထပ်​သော​မြေ​ဟူ​သော​အ​မည်​ကို ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို နှစ်​သက်​တော်​မူ၏။ သင်၏​မြေ​ကို​လည်း လက်​ထပ်​ရ​လိမ့်​မည်။

ဇိ​အုန်​သ​တို့​သ​မီး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​မီ သား​ကို​ဖွား၏။ ဝေ​ဒ​နာ​ခံ​ချိန်​မ​ရောက်​မီ သား​ယောက်ျား​ကို မြင်၏။

အို ဇိ​အုန်​သ​တို့​သ​မီး၊ သီ​ချင်း​ဆို​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ကြွေး​ကြော်​လော့။ အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ဝမ်း​မြောက်​ရွှင်​လန်း​လော့။

အို ဇိ​အုန်​သ​တို့​သ​မီး၊ အ​လွန်​ဝမ်း​မြောက်​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သ​တို့​သ​မီး၊ ကြွေး​ကြော်​ကြ​လော့။ တ​ရား​သ​ဖြင့် စီ​ရင်၍ ကယ်​တင်​ခြင်း​သို့​ရောက်​သော သ​ခင်၊ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့။

ကျမ်း​စာ​လာ​သည်​ကား၊ သား​မ​ဖွား​သော အ​မြုံ​မ၊ ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​သေး​သော​မိန်း​မ၊ ကြွေး​ကြော်​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ စွန့်​ထား​သော​မိန်း​မ​သည် လင်​ရှိ​သော မိန်း​မ​ထက် သာ၍​များ​သော သား​တို့​ကို ဖွား​မြင်​ပြီ​ဟု လာ​သ​တည်း။-

ဝ​စွာ​စား​သော​သူ​တို့​သည် စား​စ​ရာ​ကို​ရ​ခြင်း​ငှာ၊ သူ​ငှား​လုပ်​ရ​ကြ​ပြီ။ ငတ်​မွတ်​သော သူ​တို့​မူ​ကား၊ တစ်​ဖန်​ဝ​ကြ​ပြီ။ မြုံ​သော​သူ​သည် ခု​နစ်​ကြိမ်​တိုင်​အောင် ဖွား​မြင်​ပြီ။ သား​များ​သော​သူ​မူ​ကား၊ တစ်​ဖန်​အား​လျော့​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ