Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 47:9

Judson Bible

သင်​သည် ပြု​စား​သော​အ​တတ်​နှင့် နတ်​ဝိ​ဇ္ဇာ​အ​တတ်​များ​တို့​ကို အ​လွန်​ပြု​စု​သော်​လည်း၊ တစ်​နေ့​တစ်​ခ​ဏ​ခြင်း​တွင် သား​ဆုံး​ခြင်း​နှင့် လင်​ဆုံး​ခြင်း​တည်း​ဟူ​သော ဘေး​နှစ်​ပါး​တို့​သည် သင်၌​ရောက်​လိမ့်​မည်။ သင်၏​အ​ပေါ်၌ အ​ကုန်​အ​စင် သင့်​ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

တစ်​ခ​ဏ​ချင်း​တွင် အ​ကျိုး​နည်း​ကြ​ပါ​ပြီ​တ​ကား။ ဘေး​ဥ​ပဒ်​များ​အား​ဖြင့် ရှင်း​ရှင်း​ပယ်​ပျောက်​လျက် ရှိ​ကြ​ပါ​ပြီ​တ​ကား။

သူ​တို့​သား​သ​မီး​များ​ကို သူ​တို့​မျက်​မှောက်၌ မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​လိမ့်​မည်။ သူ​တို့​အိမ်​များ​ကို လု​ယက်၍၊ သူ​တို့​မ​ယား​များ​ကို အ​ဓ​မ္မ​ပြု​ကြ​လိမ့်​မည်။

ယ​ခု​မှာ နှစ်​စီး​စီ နှစ်​စီး​စီ ချီ​လာ​သော မြင်း​စီး​သူ​ရဲ​တပ်​ကို​မြင်​ပါ​သည်​ဟု ခြင်္သေ့​ကဲ့​သို့ ကြွေး​ကြော်၏။ သူ​က​လည်း၊ ဗာ​ဗု​လုန်​မြို့ ပြို​လဲ​ပြီ၊ ပြို​လဲ​ပြီ၊ သူ၏​ဘု​ရား​ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့​သည် မြေ​ပေါ်​မှာ ကျိုး​ပဲ့​လျက် ရှိ​ကြ​ပါ​သည်​ဟု ထပ်၍​ဆို​လေ၏။

ထို​ကြောင့်၊ အ​ဆုံး​မ​ထင်​သော ဘေး​ဥ​ပဒ်​သည် သင်၏​အ​ပေါ်​မှာ ရောက်​လိမ့်​မည်။ သင်​သည် မ​ဖြေ​နိုင်​သော အ​ပြစ်​ဒဏ်​နှင့်​လည်း​ကောင်း၊ မ​မျှော်​လင့်​နိုင်​အောင် ချက်​ချင်း ဖျက်​ဆီး​ခြင်း​နှင့်​လည်း​ကောင်း တွေ့​ကြုံ​ရ​လိမ့်​မည်။

သား​ခု​နစ်​ယောက်​ကို ဖွား​မြင်​သော​မိန်း​မ​သည် အား​လျော့၍ အ​သက်​ချုပ်​လေ၏။ ည​အ​ချိန်​မ​ရောက်​မီ သူ၏​နေ​ဝင်​လေ၏။ သူ​သည် ရှက်​ကြောက်​မှိုင်​တွေ​လျက်​နေ​ရ၏။ ကျန်​ကြွင်း​သော​သူ​တို့​ကို​လည်း၊ ရန်​သူ​တို့​ရှေ့​မှာ၊ ဓား၌​ငါ​အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ဗာ​ဗု​လုန်​ပြည်​သည် တုန်​လှုပ်၍ လိမ့်​လိမ့်​မည်။ ထို​ပြည်​သည် နေ​သူ​မ​ရှိ၊ သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​ရှိ​သ​မျှ​သည် ပြည့်​စုံ​ရ​လိမ့်​မည်။

အိပ်​မက်​တော်​ကို ပြန်​ပြော​စေ​ခြင်း​ငှာ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ သူ​ပြု​ဆ​ရာ၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​ကြ​သည်​ရှိ​သော်၊

မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် ဝင်​ကြ​လျှင်၊ ငါ​မြင်​မက်​သော အိပ်​မက်​ကို သူ​တို့​အား ပြ​ပြော​သော်​လည်း၊ သူ​တို့​သည် အ​နက်​ကို မ​ဖော်​မ​ပြ​နိုင်​ကြ။

ထို​ည၌​ပင် ခါ​လ​ဒဲ​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​မင်း​သည် အ​သက်​ဆုံး၍၊

ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု ဟစ်​ကြော်​ပြီး​လျှင်၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ဖော်​ပြ​နိုင်​သော​သူ​သည် အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​စေ​ဟု ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​အား အ​မိန့်​တော်​ရှိ၍၊

အ​ဆင်း​လှ၍ ပြု​စား​တတ်​လျက်၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​နှင့် စုန်း​မ​အ​တတ်​အား​ဖြင့်၊ လူ​အ​မျိုး​မျိုး အ​နွယ်​နွယ်​တို့​ကို ကုန်​သွယ်​လုပ်​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ​သည် မ​တ​ရား​သော မေ​ထုန်​ကို ပြု​ဖန်​များ​ပြား​သော​ကြောင့်၊

ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-

ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။

ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-

သူ​က​လည်း နော​မိ​ဟူ၍ မ​ခေါ်​ပါ​နှင့်။ မာ​ရ​ဟူ၍ ခေါ်​ပါ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​အား အ​လွန်​ခါး​သော​အ​ရာ​ကို ပေး​တော်​မူ​ပြီ။

ထို​သား​နှစ်​ယောက် မ​ဟာ​လုန်​နှင့်​ခိ​လျုန်​တို့​သည် သေ၍ နော​မိ​သည်​သား​မ​ရှိ၊ ခင်​ပွန်း​လည်း​မ​ရှိ ကျန်​ရစ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ