Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 41:26

Judson Bible

ငါ​တို့​သည် သိ​ရ​မည်​အ​ကြောင်း၊ ရှေ့​ဦး​စွာ​မှ​စ၍ အ​ဘယ်​သူ​သည် ဟော​ပြော​သ​နည်း။ မှန်​ပေ၏​ဟု ငါ​တို့​သည် ဆို​ရ​မည်​အ​ကြောင်း၊ ရှေး​မ​ဆွ​က အ​ဘယ်​သူ​သည် ဟော​ပြော​သ​နည်း။ ဖော်​ပြ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ဟော​ပြော​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ သင်​တို့​စ​ကား​ကို ကြား​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထုတ်​ဖော်၍ အ​နာ​ဂ​တ္တိ​အ​ရာ​တို့​ကို ငါ​တို့​အား​ပြ​ကြ​စေ။ အ​ရင်​ဖြစ်​ဖူး​သော​အ​ရာ​တို့​သည် အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​ဆင်​ခြင်၍၊ ထို​အ​ရာ​တို့၏​အ​ဆုံး​ကို သိ​ရ​မည်​အ​ကြောင်း ဖော်​ပြ​ကြ​စေ။ သို့​မ​ဟုတ်၊ ဖြစ်​လ​တ္တံ့​သော​အ​ရာ​တို့​ကို ငါ​တို့​အား ဟော​ပြော​ကြ​စေ။

ထို​အ​မှု​များ​ကို စီ​ရင်​ဖန်​ဆင်း​လျက်၊ ရှေ့​ဦး​စွာ​မှ​စ၍ လူ​မျိုး​အ​စဉ်​အ​ဆက်​တို့​ကို ခေါ်​သော​သူ​သည် အ​ဘယ်​သူ​နည်း​ဟူ​မူ​ကား၊ အ​ဦး​ဆုံး​သော​သူ​ဖြစ်၍၊ နောက်​ဆုံး​သော သူ​တို့​နှင့်​ရှိ​သော ငါ​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

လူ​အ​မျိုး​မျိုး အ​စု​စု​တို့​သည် စု​ရုံး​စည်း​ဝေး​ကြ​စေ။ သူ​တို့​တွင် အ​ဘယ်​သူ​သည် ဤ​အ​မှု​ကို ဖော်​ပြ​မည်​နည်း။ အ​ရင်​ဖြစ်​လ​တ္တံ့​သော အ​ရာ​ကို အ​ဘယ်​သူ ဟော​ပြော​မည်​နည်း။ သူ​တို့​သည် အ​ပြစ်​တင်​ခွင့်​နှင့် လွတ်​မည်​အ​ကြောင်း၊ သက်​သေ​တို့​ကို ပြ​ကြ​စေ။ သို့​မ​ဟုတ် နား​ထောင်၍၊ ဤ​သို့​မှန်​သည်​ဟု ဝန်​ခံ​ကြ​စေ။

ရှေး​လူ​မျိုး​ကို ငါ​ခန့်​ထား​သည်​မှ​စ၍၊ ငါ​ကဲ့​သို့ အ​ဘယ်​သူ​သည် ဤ​အ​မှု​တို့​ကို ငါ့​အ​ဖို့​ခေါ်၍ ထုတ်​ဖော် စီ​ရင်​နိုင်​မည်​နည်း။ ဖြစ်​ဆဲ​သော​အ​မှု​နှင့် ဖြစ်​လ​တ္တံ့​သော​အ​မှု​တို့​ကို သူ​တို့​အား ဖော်​ပြ​ကြ​စေ။

သ​တင်း​ကြား​ပြော​ကြ​လော့။ လူ​များ​ကို အ​နီး​သို့​ခေါ်​ခဲ့၍ တိုင်​ပင်​ကြ​စေ။ ဤ​အ​မှု​ကို ရှေး​ကာ​လ​မှ​စ၍ အ​ဘယ်​သူ ဖော်​ပြ​သ​နည်း။ အ​ထက်​က အ​ဘယ်​သူ ဟော​ပြော​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား ဟော​ပြော​သည် မ​ဟုတ်​လော။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။ ငါ​သည် ဖြောင့်​မတ်​သော​ဘု​ရား၊ ကယ်​တင်​သော​ဘု​ရား ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။

ရှေး​ကာ​လ၌ ဖြစ်​ဖူး​သော​အ​မှု​အ​ရာ​တို့​ကို အောက်​မေ့​ကြ​လော့။ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ